ရှောင်ကျန့်တစ်ယောက်
ခြေမကိုင်မိ လက်မကိုင်မိ
ကလေးအတွက် သူစိုးရိမ်နေမိသည် သူ့အသိ ဆရာဝန်
ကျင်းရှီရှန်း ကိုခေါ်ကာ ကလေးကို
စစ်ခိုင်းတော့ စိတ်လှုပ်ရှားလွန်းပြီး
ရှော့ရသွားတာတဲ့"ကလေးရယ် ဘာတွေများ မှတ်မိသွားလို့လဲ အတိတ်ကို သတိရသွားရင် ကိုယ့်ကို မမုန်းလိုက်ပါနဲ့နော်😥"
ဆရာဝန်ကိုလဲ ပြန်မပို့ဖြစ်လိုက်ပါ
သူ့ရင်ထဲမှာ ကလေးကို စိုးရိမ်စိတ်တွေက ပြည့်နှက်လို့နေသည်ကုတင်ဘေးမှာ ထိုင်ကာ ကလေးလက်ကို ကိုင်ရင်း အရင်က ကလေးကို မကာကွယ်နိုင်ခဲ့တာတွေကို နောင်တရနေမိတယ်
ရိပေါ်တစ်ယောက် သူ့လက် လေးလံသလိုခံစားရတာကြောင့်
ဘေးကို မျက်စိဆွေကြည့်လိုက်တော့ သူ့လက်ကလေးကိုင်ကာ
မျက်စိလေးမှိတ်ရင်း အသံတိတ်ငိုကျွေးနေတဲ့ သူ့ကိုကိုဖြစ်ပျက်သမျှ ပြန်စဉ်းစားကြည့်တော့
ကိုကို့လက်က ဒဏ်ရာက
သေလောက်မယ့် ဒဏ်ရာမဟုတ်ပေမယ့် ဒီစကားတွေက ဘာကြောင့်ပါးစပ်က ထွက်မိသွားတာလဲဘာကြောင့် ငါ ခံစားရသလို ချစ်ရတဲ့သူ ဆုံးရှုံးသလို ငိုခဲ့ရတာလဲ
ကိုကို သူ့ကိုနမ်းပြီးတော့ မျက်စိထဲ ပေါ်လာတဲ့ ပုံရိပ်တွေ
လူနှစ်ယောက် ရှေးဟောင်းဝတ်စုံတွေလို တစ်ယောက်က အစိမ်းနုရောင် ဇာ ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ဖြူဖွေးလှတဲ့ အသားအရည်နဲ့ ပနံသင့်စွာ
နောက်တစ်ဦးက အဖြူရောင်ဝတ်ရုံမှာ မီးဌက်ပုံစံ ရွှေသားများဖြင့် အနားကွပ်ထားတဲ့ အရောင်အဆင်းတင့်တယ်တဲ့ လူသား
လှပတဲ့ အစိမ်းရောင် ပန်းဥယျာဉ်ထဲမှာ အစိမ်းရောင် လူသားလေးကို
အဖြူရောင် လူသားက နောက်ကနေ ပွေ့ဖက်နေတာ လှပပြီးပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်လို...သိချင်ဇောဖြင့် သေချာကြည့်လိုက်တော့ မြင်လိုက်ရတာက သူ့မျက်နှာနဲ့ အစိမ်းကောင်လေး
လောကမှာ အလှဆုံးဖြစ်လောက်မယ့် အပြုံးကို ပန်ဆင်ရင်း အနောက်ကပွေ့ဖက်ထားတဲ့လူကိုပြောလိုက်တာက "ကိုကို "တဲ့