Ep_42 (uni+zaw)

774 57 5
                                    

မနက်ခင်း နေရောင်ခြည်ကြောင့်
နိုးလာတဲ့ ရှောင်ကျန့်

ရင်ခွင်ထဲမှာတော့ အနွေးလုံးလေးက ရှိမနေ

ညက တိုင်းပြည်ကိစ္စတွေကြောင့် ညဉ့်နက်မှ အိပ်ဆောင် ဝင်တော်မူသောကြောင့် ယခုတော့ အိပ်ရာထ နောက်ကျလေပြီ

အကျိုးဆက်က ဘာလဲ

မနက်တိုင်း နမ်းနေကျ ပါးဖောင်းဖောင်းလေး

နမ်းရှိုုက်နေကျ နှုတ်ခမ်းထူလေး

ဟင်းးးး ဒီနေ့တနေကုန် ဘယ်လို အင်အားနဲ့ ဖြတ်သန်းရပါလိမ့်

မင်္ဂလာဦးညလား

လာမမေးနဲ့.... မစားရ အညှော်ခံ လို့ပဲ သိထား

မျက်နှာသစ် ရေမိုးချိုးကာ တစ်နေ့တာကို ဖြတ်သန်းဖို့ လိုအပ်တဲ့ အားအင်ကို သွားယူရအုန်းမယ်

******
ဥယျာဉ်ထဲမှာတော့ လောက စည်းစိမ်ကို အပြည့်အဝ ခံစားနေပါတဲ့ ကြင်ယာတော်လေး

တစ်ပင်လုံး အသီးများ မွတ်သိပ်စွာ သီးနေတဲ့ လိမ္မော်ပင်က သူ့အတွက်တော့ နတ်သုဒ္ဓါ

ကိုယ်ဖော့သိုင်းနဲ့ ခုန်တက်ပြီး အားရပါးရ ခူးကာ ကြာကန်လယ်မှာ ထိုင်နေလေရဲ့

ခြေဆင်းထိုင်ကာ စားပွဲခုံကို ခန္ဓာမှီထားပြီး လိမ္မော်သီးများ အခွံခွာကာ စားနေပုံက အပြစ်ကင်းစင်တဲ့ ကလေး တစ်ယောက်အဖွယ်

ကြိုက်နှစ်သက်သော အစားအစာဆ်ုရင် ပလုပ်ပလောင်းစားတတ်တဲ့ အကျင့်အတိုင်း လိမ္မော်သီးကို အလုံးလိုက် သွတ်စားလေသည်

ထိုအခါမှာတော့ တိုင်းပြည်၏ အိမ်ရှေ့စံ အူယားလှပါပြီဆိုတဲ့ ပါးဖောင်းဖောင်းလေးဟာ ဖုဖူဖောင်းဖောင်းနဲ့ လုံးထွက်နေလေရဲ့

သေချာသည် ထိုပါးလေးကို ကိုက်လိုက်ရရင် နူးညံ့အိစက်နေမှာအမှန်

"အင်း..... လောကကြီးရဲ့ အရသာ..အဲ့ဒါ
ငွဝါးစပ်ထဲခ လိမ်မော်သီး ရိုဆိူဒါ..ဝါသိပြီခွ...."

ပါးတစ်ဖက်တစ်ချက်စီမှာ တစ်လုံးစီ ထည့်ဝါးရင် လက်က လိမ္မော်သီးကို ကြည့်ကာ တဝူးဝူး တဝါးဝါးနဲ့ ချီးကျူးခန်းဖွင့်နေလေရဲ့

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now