ရှောင်ကျန့် သတိရလာတော့
အဖြူရောင်မှ အပ ဘာမှမရှိသောနေရာ ဗလာနတ္ထိ
"ငါ ဘယ်ရောက်နေတာပါလိမ့်"
..........................
"ကလေး.. ကလေး ဘယ်မှာလဲ
ကလေး!!"ချွေးသီးချွေးပေါက်တွေနဲ့ ယောင်အော်နေတဲ့ နေနတ်ဘုရား
"ကိုကို ကလေးရှိတယ် ကလေး အနားမှာ ရှိတယ်လေနော် ပြွတ်"
သူ့ချစ်ရတဲ့ နေနတ်ဘုရားကြီးက
ဘာတွေ အိပ်မက်မက်နေလို့ပါလိမ့်တဆက်ထဲ ကြည်နူးမှုလေးကပါ
အဆစ်ဝင်လာတယ်သူ့အိပ်မက်ထဲမှာ ကိုယ်ပါတယ်လေ
စိတ်သက်သာစေဖို့ လက်လေးကိူ အုပ်ကိုင်ပြီး အသံပြုပေးလိုက်တယ်
လက်ဖမိုးလေးကိူ သူ့နှုတ်ခမ်းလေးနဲ့ ဖိနမ်းလိုက်တော့
ယောင်နေတာတွေ ပျောက်ပြီး ငြိမ်သွားပြန်တယ်
"ကိုကို ကလေးစောင့်နေတာမို့ သတိရလာတော့နော် ကလေး
ကိုကို့ရင်ခွင်ကြီးထဲမှာ နေချင်နေပြီ ကိုကိုရဲ့".................
ရှောင်ကျန့် လူနဲ့ စိတ် တသားထဲ
ပြန်ဖြစ်လာတော့ သတိထားမိတာက သူ့လက် လေးလံနေခြင်းခေါင်းလေး စောင်းကြည့်လိုက်တော့ သူ့လက်လေးကို ကိုင်ကာ
ကုတင်ဘေး ခေါင်းလေး တင် အိပ်နေပါတယ့် သူ့ရဲ့ ရှင်သန်ရာလေးကလေးလဲ ပင်ပန်းလောက်ရောပေါ့
ကျစ် လည်ပင်းတွေ နာနေတော့မှာပဲ ကလေးရယ်
ကုတင်နဲ့ လွတ်နေတဲ့ ပါးဖောင်းဖောင်းလေး တစ်ဖက်ကို ဖိနမ်းလိုက်တယ်
ဒါ ကိုကို လွမ်းနေတာမို့
ကုတင်ကနေ အသာအယာလေးဆင်းကာ ကလေးကိုယ်လေးကို
ပွေ့ပြီး ကုတင်ပေါ် ပြန်ချပေးလိုက်တယ်တစ်ချက်တွန့်သွားတော့ ကလေးများချော့သလို ကျွတ် သပ်ချော့ပေးတော့ ဟော!!
ပြန်အိပ်သွားပါတယ် ခင်ဗျာ
အဟက် ကိုကို့ ခလေးလေးက
အိပ်ပုပ်လေးပဲ