"ကိုကို~~~အဟင့်~~~ ကိုကို~~!!~"
လေယာဉ်ဝန်ထမ်းတွေကလွဲ သူ တစ်ယောက်တည်းသာပါတဲ့ လေယာဉ်ပေါ်မှာ ခနတာ မှေးစက်နေချိန်
ဆွစ်ဇာလန်မှာ နေခဲ့တဲ့ တစ်လထွဲအတွင်း အိပ်မက်ထဲမှာ မြင်နေကျ ကိုကိုရဲ့ ပုံစံ
သွေးတွေ စွန်းထင်နေတဲ့ အင်္ကျီအဖြူရောင်လေးနဲ့~~~
မတူတာ ဘာလဲဆို အရင်က သူ့ကိုအသည်းအသန်လိုက်ရှာရငိး မတွေ့လို့ ထိုင်ငိုနေတဲ့ ပုံစံ မဟုတ်ဘဲ
ဒီတစ်ခါတော့ သူ့ကို တွေ့ပြီမို့ သူ့ကို ပြုံးပြနေတဲ့ ပုံစံ
"က~~လေး~~ဟင့်~~ကိုကို့ဆီ ပြန်လာပြီပေါ့~~~အဟင့်~~~ကိုကိုလေ ကလေးကို~~ လိုက်~~လိုက်ရှာနေခဲ့တာ~~~"
"ကိုကို~~ ကလေးကို ခွင့်လွှတ်ပါနော်~~အဟငိ့~~ သား တောင်းပန်ပါတယ်~~အိ~~"
ဝမ်လေး မျက်ရည်ဥတို့ ကျဆင်းရင်း ကိုကို့ကို တောင်းပန်တော့
သွေးပေနေတဲ့ တုန်ရီနေသော လက်တစ်စုံက သူ့ပါးနှစ်ဖက်ကို ဆုပ်ကိုင်လာသည်
ဝမ်လေးလဲ ရှောင်ကျန့်ရဲ့ ထို လက်တစ်စုံကို သူ့ရဲ့ ဖြူဖြူသွယ်သွယ် လက်ကလေးတွေဖြငိ့ ပြန်အုပ်ကိုင်လိုက်သညိ
"မငိုရဘူး~~~ကို~ကိုကို့ကလေးလေးက မ~~ငိုရဘူး~~ဟင့်~~ ကိုကို့ဆီ အမြန် ပြန်လာခဲ့ပါနော်~~ ကိုကို စောင့်နေမယ်~~~"
မှုန်ဝါးလာတဲ့ ကိုကို့ရဲ့ ပုံရိပ်လေး
ကိုကို!!!! ကိုကို!!!!
"လူကြီးမင်း~~~လူကြီးမင်း~~"
အိပ်မက်ယောင်ကာ ချွေးစေးပြန်နေသည့် ဝမ်လေး
လေယာဉ်မယ် လာနှိုးမှပဲ အသိစိတ် ပြန်ကပ်တော့သည်
"အော်~~~အင်း~ ဘာကိစ္စရှိလို့လဲခင်ဗျ..."
"ဟုတ်ကဲ့~~ နောက် တစ်ဆယ့်ငါးမိနစ်ဆို တရုတ်နိုင်ငံ ဘေဂျင်းလေဆိပ်ကို ဆင်းသက်ပါတော့မယ် လူကြီးမင်း~~"
"ဟုတ်ကဲ့~~"
အခုချိန် ဝမ်လေး စိတ်ထဲ လွှမ်းမိုးထားသည်က ကိုကို့ဆီ အမြန်ဆုံး ရောက်ရှိဖို့ပင်