Ep_39 (uni+zaw)

960 61 1
                                    

ကိုယ့်ရဲ့ရင်သွေးလေးကို ချစ်ရသူ ကိုယ်တိုင် သေဆုံးစေခဲ့ခြင်းကြောင့် နာကျင်စွာ မချိမဆန့် ခံစားနေရတဲ့ အိပ်ယာထက်က ကောင်းလေးရဲ့ အသိစိတ်ဟာ

**"""""

တရုတ်နိုင်ငံ ဧကရာဇ်ရှောင်မျိုးနွယ် လက်ထက်.....,

"မင်းကြီး...မင်းကြီး မိဖုရားခေါင် သားတော်လေး မွေးပါတယ်"

ရှောင်မင်ဟန် ပျော်ရွှင်လွန်းလို့ ထခုန်မတတ်

လက်သီးလက်မောင်းတန်းလို့

"သားတော်တဲ့ကွ..သားတော် ငါ့မျိုးဆက် နန်းသွေးရပြီကွ"

"မြင့်မြတ်လှကြောင်းပါ အရှင်မင်းကြီး"

ရှောင်မင်ဟန် လက်ထဲရောက်လာတဲ့ သားတော် ပိစိလေးကို ချစ်မဝ

မြင်ယုံနဲ့ နတ်ဘုရားတစ်ပါးအလား
တင့်တယ်မှု ဘုန်းတန်ခိုးက ကြီးမားမှန်း သိနိုင်သည်

လှပတဲ့ မျက်ဝန်းတွေက ချစ်ဖို့ကောင်းနေသလို အကြည့်တစ်ချက်နဲ့တင် အမိန့်ကို နာခံစေစွမ်း ရှိသည်

နှုတ်ခမ်းအောက်က မှဲ့လေးမှာလဲ
နှုတ်မှ ပြောထွက်သမျှကို ထောက်ကူပြုနေဟန်

"သမားတော် သားတော်က အသံမထွက်ပါ့လား"

နေရင်းထိုင်ရင်း နန်းတွင်းသမားတော် ခေါင်းကြိမ်းနေပြီ

မွေးလာခါစဆို အသံမထွက်လို့ အသေလေး မွေးတယ် ထင်ခဲ့ပေမယ့် မျက်လုံးသာဖွင့်တဲ့ ဘုရင့်သားတော်လေး

ထိုအချိန်

"အရှင်မင်းကြီး သားတော်ဟာ ဩဇာအာဏာနဲ့ ပြည့်စုံတဲ့ ဧကရာဇ်တစ်ပါးဖြစ်လာမှာပါ ပြီး..ပြီးတော့..."

"ကောင်းကင်ဘုံမှ သတ်မှတ်ပြီးသား ကြင်ယာတော် ရှိပါတယ် ဒါပေမယ့် အမျိုးသားတစ်ဦးပါ.."

"ဘာ!!!"

မင်းကြီးရဲ့ အသံအဆုံး အမတ်များအားလုံးဟာလဲ ဒူးညွတ်ကျသွားသည်

"အရှင်မင်းကြီး"

"ဆရာနတ်နန်းအရှင် ပြောပါ"

"ဖူးစာဖက်ကို သဘောတူလိုက်ပါ အခု အရှင့်သားတော် အသံမထွက်တာ ဆွံ့အလို့မဟုတ်ပါဘူး ..ကြင်ယာတော် မွေးဖွားလာမယ့် အချိန်ကို စောင့်နေတာပါ ပြီးတော့ အမည်နာမ ကိုလဲ ရှောင်ကျန့်ဟု ကင်ပွန်းတပ်တော်မူပါ"

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now