Ep_23 (uni+zaw)

1K 94 1
                                    

အပြစ်ဒဏ် ခံယူပွဲပြီးနောက်

ကျိုးချန်  ရန်ရှင်း  ဇီချွမ်း
ဇီယီ  ယန်းလီ  ဝမ်ချင်  တို့ အားလုံး

နတ်ဘုရားနှစ်ပါးဆီသို့

"ဝမ်လေး..ဝမ်လေး"

ကျိုးချန်  နေနတ်ဘုရား ရင်ခွင်ထဲက ညီတော် အား ပွေ့ယူရန် ကြိုးစားရာ ရှောင်ကျန့်၏ လက်မှာ
လွှတ်မပေး

"ဟျောင့် ရှောင်ကျန့် မင်း လွှတ်ပါကွာ  ဝမ်လေးကို ဆေးကုရအုန်းမယ်လေ မဟုတ်ရင် ဝမ်..ဝမ်လေး တစ်ခုခု ဖြစ်လိမ့်မယ်ကွ ဟီးးး"

ကျိုးချိန် ထိုသို့ ပြောတော့မှ
ပန်းနတ်ဘုရားလေးအား သိုင်းဖက်ထားတဲ့ လက်တစ်စုံဟာ ဖြေလျော့လာကြသည်

ကျိုးချန် ဝမ်လေးကို ပွေ့ချီသွားပြီး
ရှောင်ကျန့်ကိုတော့ ရန်ရှင်းနဲ့
ယန်လီတို့ တွဲခေါ်လာကြသညိ

ဝမ်ချင်က နတ်ဆေးသမားတော်
ဖိုးဖိုးဆီ ဦးဆောင် ခေါ်သွားလိုက်သည်

ကျန်ခဲ့သူ ဇီချွမ်းနဲ့ ဇီယီတို့မှာတော့
ချစ်ရသူ ခံစားနာကျင်နေတာကို
ကြည့်နေရုံမှ အပ မတတ်နိုင်ခဲ့

ဇီချွမ်းကတော့ နောင်တ အရဆုံး
သူစီစဉ်ခဲ့တာက ဒီလို ဖြစ်ဖို့မဟုတ်ဘူးလေ

ငါ..ငါက ရှောင်ကျန့်နဲ့ ဝမ်လေးကို
အထင်လွဲစေပြီး ထိမ်းမြားပွဲဖြစ်ဖို့​

အားးးးး!!!

ငါချစ်ရတဲ့ ဝမ်လေးကို ငါ..ငါ
အနာတရ ဖြစ်စေခဲ့တာ

ဇီချွမ်း နေရာမှာတင် ဒူးထောက်ပြီး
ရင်ထဲ တင်းကြပ်မှုတွေကို အော်ထုတ်ပစ်လိုက်သည်

ရုတ်တရက် ထအော်တဲ့ ဇီချွမ်းကြောင့် ဇီယီ လန့်သွားတာတော့အမှန်

နောက်ဆက်တွဲ ပြောလိုက်တဲ့ စကားကြောင့် သူလန့်သွားသည်

"ရှောင်ကျန့်...ဝမ်လေးကို အနာတရဖြစ်စေတာ မင်းကြောင့်..မင်း!!!
အခုတော့ ဝမ်လေးကို မင်းပိုင်ရပြီထင်နေလား  ဝမ်လေးကို ဘယ်သူပိုင်မလဲကြည့်ကြတာပေါ့ အဟက်"

ဇီယီ စိတ်ထဲ
ကောင်းကင်အိမ်ရှေ့စံ ဘာတွေ ကြံစည်ထားသေးသလဲ???

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now