Ep_31 (uni+zaw)

979 97 5
                                    

ရိပေါ်နဲ့ ဇီယီ အခုရောက်နေတဲ့နေရာက စကြဝဠာတည်စက
အမှောင်နဲ့ အလင်း စတင် ဂိုဏ်းခွဲရာနေရာ

"ဝမ်လေး ကျဲ ဒီထိပဲ လိုက်ပို့နိုင်မယ် အကို့ကိုသာ ရှင်သန်အောင် လုပ်ပေးပါ မမ နောက်ဆိုဝင်မရှုပ်တော့ပါဘူးနော် ဟင့်"

ဇီယီ ဟန်ဆောင်ပန်ဆောင် မျက်ရည်ကျလျက်

ရိုးသားဖြူစင်လှတဲ့ ပန်းနတ်ဘုရားလေးကတော့မသိ

သူ့စိတ်ထဲမှာတော့

ချစ်ရသူကို လက်လွှတ်ခံလိုက်တဲ့ လနတ်ဘုရားမကို စာနာနေမိသည်

"ကျဲ စိတ်ချ ကျတော့အသက်သေရင်သေပါစေ စက္ခုပန်းကို ရအောင် ယူခဲ့ပါ့မယ်"

"ဒါနဲ့  ဝမ်လေး ကောင်းကင်မင်းကြီးကို အခုထိ သံသယဝင်တုန်းလား ဒေါသ ထွက်တုန်းလား"

"အမှန်တိုင်းပြောရရင် ဒေါသထွက်တုန်းပဲ သူ့ကြောင့် ကိုကို ဒီလိုဖြစ်ရတာ ဒါပေမယ် ကောင်းကင်မင်းကြီးက ကျတော်လေးစားရတဲ့သူပါ  ဘယ်တတ်နိုင်မလဲ အာ့တုန်းကလဲ ကိုကို့စိတ်နဲ့ဆိုတော့ သောင်းကြမ်းမိသွားတာပါ"

"အော်..."

ရိပေါ် သူလုပ်ခဲ့တဲ့ လုပ်ရက်ကို ပြန်စဉ်းစားနေမိသည်
........
Flashback

နေနတ်ဘုရား မသေဆုံးသေးဟု သတင်းကြားတော့ နတ်ဘုရားအားလုံး ထခုန်မိမတတ် ပျော်နေကြသည်

ဒီလောက မှာ သူတို့အားထားရတဲ့
နေနတ်ဘုရားရှိသေးတယ်ဆိုပြီး

ဒီကြားထဲ မအေးဆေးနိုင်သူက ကောင်းကင်အိမ်ရှေ့စဲ ဇီချွမ်းနဲ့
ကောင်းကင်မင်းကြီး

ဇီချွမ်းကကျ သူနဲ့ ဝမ်လေးကြား
အနှောင့်အယှက် နေနတ်ဘုရား
မပျောက်ကွယ်သေးလို့

ကောင်းကင်မင်းကြီးကတော့ သူနဲ့ သူ့သားတော်ပဲ သိတဲ့ နေရာက နတ်ကြာပန်းက ဘယ်လိုလုပ် မိစ္ဆာဘုရင် လက်ထဲ????

တိုက်ပွဲအတွင်း နေနတ်ဘုရားနဲ့ မိစ္ဆာဘုရင်တို့ ပြောစကားများကြောင့် သူဟာ တစ်ဦးတည်းသော
နတ်ကြာပန်း ရှိမှန်း သိသောသူမှန်း

နတ်ဘုရားအားလုံး သိရှိနေကြသည်

သားတော်ကကျ နေရာပဲ သိပေမယ့် နတ်ကြာပန်းအကြောင်း ဘာမှ သိမယ်မထင်

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now