Ep_41 (uni+zaw)

804 59 1
                                    

ရှင်သန်လာခဲ့တဲ့ သက်တမ်းတစ်လျှောက် ဒီနေ့ကတော့ ရှောင်ကျန့် ဘဝမှာ အပျော်ဆုံး ဖြစ်မည်

လွန်ခဲ့တဲ့ တစ်လမှစ ဒီလိုနေ့အတွက် အခမ်းနားဆုံးဖြစ်အောင် သူကိုယ်တိုင်ပြင်ဆင်ခဲ့သည်

မင်္ဂလာဓလေ့ အနီရောင်အစား ကလေး အကြိုက် အစိမ်း အစားထိုးကာ ပြင်ဆင်နေရာချသည်

ဓလေ့ထုံးစံလား မရေးမကြီးဘူး

ပုံမှန်ထက် ပိုလှပအောင် သူ့ရဲ့ အတွင်းအားနဲ့ ထပ်မံထည့်သွင်းပြင်ဆင်လိုက်သည်

မနက်ဖြန်ဆို ကလေးကို ငါ တရားဝင် ပိုင်ဆ်ုင်ခွင့်ရတော့မှာပါလား

အတွေးနဲ့တင် ကျေနပ်နေမိသည့်ရှောင်ကျန့်

သူ နတ်ဘုရားအစွမ်း ပြန်ရဖို့ ကြိုးစားနေတာ ကလေးအရွယ်ကတည်းကပင်

ဒါဟာလဲ ရှောင်ကျန့် ချစ်ရသူလေးကို ကာကွယ်နိုင်ဖို့ပဲ

သူ နတ်ဘုရားအစွမ်း ပြန်ရပြီဆိုတာတော့ ကလေးကို အေးဆေးမှ ပြောပြတော့မည်

ဇီချွမ်းလား......

ကလေးကို ခပ်ဝေးဝေးကနေ လှမ်းကြည့်နေတတ်တယ်

သူနဲ့ ပျော်ရွှင်နေတဲ့ အချိန် ဝမ်လေးကို ကြည့်တဲ့ မျက်ဝန်းတွေဟာ လွမ်းဆွတ်ကျေနပ်ပုံ ပေါ်နေပေမယ့်

ကလေး အနား သူမရှိတဲ့အခ်ျန် ထိုမျက်ဝန်းတွေမှာ အရင်ကလို ပိုင်ဆိုင်ချင်စိတ်တွေ တွေ့နေရတယ်

ဒီအချက်ကို သူစိုးရိမ်နေပေမယ့် ကလေးအနား သူအမြဲရှိတယ်

ဒါ့ကြောင့် သူ ရင်နာနာနဲ့ ခွင့်လွှတ်ပေးလိုက်ပါတယ်

သူ့ကလေးကို ကြည့်တာ မကြိုက်ပေမယ့် ဒီကလေးကို အခုလို မြင်တွေ့ရဖို့  ကယ်တင်ပေးခဲ့လို့ပေါ့

****

"ကိုကို..."

"အာ...ဖြေးဖြေးလာပါ ကလေးရယ် မတော်လို့ လဲကျသွားရင် ကိုကို ရင်ကျိုးရချည်ရဲ့...."

"ကိုကိုကလဲ...ကလေးက လွမ်းလို့ကို....ပြီးတော့ ကိုကို ရှိနေတာပဲ...ဘာကြောက်စရာလိုလို့လဲ..."

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now