Ep_27 (uni+zaw)

910 83 2
                                    

ဒီနေ့တော့ နေနတ်ဘုရားကြီးခမျာ
ချစ်ရသူ ပန်းနတ်ဘုရားလေးအား
အစွမ်းကုန် ချော့နေရပါသည်

မနေ့ညက သူ့ကို အပြစ်ပေးတာ လွန်ပါတယ်ဆိုပြီး အခုထိ ကောက်နေလေရဲ့

ကျတော် လွန်လို့လားဗျာ လိုတောင်လိုသေးတယ် 

"ကလေးလို့.."

"......."

"ကိုကို့ ကလေး လေးရေ ဒီဘက်လှည့်ပါအုန်း"

"...."

"မလှည့်ဘူးလား"

"မလှည့်တော့ ဘာလုပ်ချင်လဲ"

"အာ့ဆို ကိုကို ကလေးဘက်လာမယ်လို့ ပြောတာ ဟီးဟီးး"

"မဆီလျော် လိုက်တာ"

အေးလေ လူကို တစ်ညလုံး ထိုင်နမ်းနေတာ အခုကြည့် သူ့နှုတ်ခမ်းလဲ ရစရာ မရှိ ကွဲပြဲနေပြီ

ဒီကြားထဲ အခေါက်ရေ မမှတ်ထားလို့ လူလည်ကြပြီး ပိုနမ်းသေးတာ

အခုလဲ သူ့ဘက်မလှည့်လို့ ကိုယ့်မျက်နှာ ရှိရာဘက် ထလာပြီး ထိုင်နေတယ်လေ

တကယ်ကို အရူးကြီး😒😒

"အယ် ကလေး ဒီက ခလေးရဲ့
တိုတိုကို မျက်စောင်းထိုးရဲတယ်ပေါ့နော် တိုတို ဖက်နမ်းလိုက်ရမလား"

"ရှောင်းရှောင်ကျန့်!!ခင်များကြီး
မလွန်ဘူးလားဟမ်"

"ရိုင်းလိုက်တာ ကလေးရယ် တိုတိုရင်ထဲ ဟတ်ခနဲ ထိသွားပြီ သိလား"

သူရှေ့မှာ ကလေးလိုလို အရူးလိုလို မျက်နှာပြောင်နေတဲ့ နေနတ်ဘုရားကြီးကို လုပ်ပစ်ချင်စိတ်တွေ ပေါက်နေပြီ

ဟို...နားရွက်ဆွဲလိမ်တာကို ပြောတာပါ

"ခင်ဗျားကြီး ကြည့် ကြည့် တွေ့လား လွန်တယ်လို့ မထင်ဘူးလား
ဒီလိုပုံစံနဲ့ မမတို့ဆီ ကျတော် ဘယ်လိုမျက်နှာနဲ့ သွားရမလဲ"

သူ့ရှေ့ကနေ နှုတ်ခမ်းပါးလေးကို တမင်ထိုးပြနေတဲ့ ကလေးရေ

မင်းမို့လို့ မကြောက်မရွံ့ ပြရဲတယ်နော်

ဝမ်လေးတစ်ယောက် သူ့နှုတ်ခမ်းကို စိုက်ကြည့်နေတဲ့ ကိုကို့ကြောင့်

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now