Ep_44 (uni+zaw)

735 51 0
                                    

ရှောင်ကျန့် သူ့ ရင်ခွင်ထဲကနေ ထွက်ပြေးသွားတဲ့ ကလေးငယ်နောက် လိုက်ဖို့ ပြင်လိုက်ပေမယ့်

"မင်းကြီး...."

"စစ်သူကြီး မုယွင်~~~"

"အရှင် ကျတော်နဲ့ ဟိုက်ခွမ်း စုံစမ်းတာ လမ်းစ ပျောက်သွားပါတယ်..
ပြီးတော့ မိစ္ဆာ အငွေ့အသက် အနည်းငယ်ကို သတိထားမိခဲ့.."

"ဘာ... မိစ္ဆာ...ရပြီ~~ သွားတော့"

နေနတ်ဘုရား ဘဝတုန်းမှာ သူကိုယ်တိုင် မိစ္ဆာဘုရင်ကို သတ်ခဲ့တာပါ

အခု ခေါင်းဆောင်မရှိဘဲ ထကြွလာတာလား

ဒါမှမဟုတ် သူတို့ ခေါင်းဆောင်အသစ် ရွေးချယ်ပြီးပြီလား????

ကလေးငယ်ကိုတော့ ပြောပြထားသင့်တယ်

"ကလေးရေ~~~"

အိပ်ဆောင်တံခါးကို ဖွင့်ပြီး ကလေးငယ်ကို ခေါ်ပြီးမှ မြင်လိုက်ရတာက အဖြူရောင် မွေ့ရာပေါ်မှာ အဖြူရောင် ဝတ်ရုံနဲ့ လုံးလုံးလေး အိပ်နေပါတဲ့ ချစ်ရသူလေး

အင်း... ကလေးလဲ ပင်ပန်းရောပေါ့
ဒါတောင် မျက်နှာလေးက နီနေတုန်း

ဒီကလေး အိပ်ခါနီးထိကို ရှက်နေခဲ့တာလား????

အဟက်~~~ ခွေးပေါက်လေးပါကွာ

ရှောင်ကျန့်လဲ ကလေးရဲ့ ဆံနွယ်တို့ကို သပ်တင်ပေးပြီး ရင်ခွင်ထဲသို့ အဖြူလုံးလေးအား ဆွဲသွင်းကာ အိပ်စက်ဖို့ ပြင်လိုက်သည်

ဒီ လူ့ ခန္ဓာတွေရဲ့ လိုအပ်ချက်က ဒါပဲ နတ်ဘုရားဘဝတုန်းက အိပ်သည်ဆိုတာ ခနတာပင်

ထိုခနတာဟာလဲ တာဝန်များမှ ခနတာ လွတ်မြောက်ခြင်း

*****

ဝါးးးးး

တစ်ရေးနိုးထ သန်းမဝ တဲ့❕❕

မျက်စိလေးမှိတ်ရင်းနဲ့ပင် သန်းဝေရင်း လန်ကျန့် တွေးနေမိသည်

နွေးထွေးနေတဲ့အတွက်ကြောင့် ကိုကို့ ရင်ခွင်ထဲ ရောက်နေမှန်းလဲ သိပြီးသား

အချိန်ကလဲ နေဝင်စပင်

နန်းတက်ပွဲကြောင့် နှစ်ယောက်လုံး ပင်ပန်းလို့သာ အိပ်ပျော်သွားရတယ်

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now