Ep_16 (Unicode+Zawgyi)

1K 91 3
                                    


အနမ်းက ရှည်ကြာလာလေ
ရှောင်ကျန့်လည်ပင်းကို သိုင်းဖက်ထားတဲ့ လက်တစ်စုံက ပိုမို တင်းကြပ်လာသလို

ပန်းနတ်ဘုရားလေး၏ခါးကို သိုင်းဖက်ထားတဲ့ သန်မာတဲ့ လက်တစ်စုံကလဲ ပိုမိုတင်းကြပ်လာလေသည်

ရှောင်ကျန့် သူသိတာပေါ့

သူ့နတ်ဘုရားလေး အသက်ရှုမဝနေမှာကို

ကလေးက သူ့ကို အလိုလိုက်တိုင်း
ဆိုးချင်တိုင်းဆိုးမရဘူးလေ

တော်ကြာ ကလေး ငြိုညင် သွားမှာ သူမလိုလားပေ

ဒါ့ကြောင့် အနမ်းတို့ကိုဂရပ်တန့်လိုက်သည်

ကလေးရဲ့ နဖူးလေးကို တစ်ချက် နမ်းလိုက်ပြီး မောဟိုက်နေတဲ့ ကလေးကို ရင်ခွင်ထဲမှာ ထည့်ကာ
အနားယူစေလိုက်တယ်

"ကိုကို တောင်းပန်ပါတယ် ကလေး
ကိုကို မထိန်းလိုက်နိုင်ဘူး
ကိုကို့ကို စိတ်မပျက်သွားပါနဲ့နော်"

သူ ထိုသို့ပြောလိုက်ပေမယ့် ကလေးက စကားမပြန်သေး

အခုထိ အသက်က်ု လုရှူနေတုန်း
သူ အာ့လောက်ထိ နမ်းမိသွားတာလား

ကလေးကို ငုံ့ကြည့်လိုက်တော့နှုတ်ခမ်းလေးကလဲ ပေါက်ပြီး သွေးစို့နေပြီ

မပေါက်တဲ့အပိုင်းတွေကလဲ
ပေါက်ကွဲလုနီးပါး ချယ်ရီသီးလေးလို

"မကောင်းတဲ့ နေနတ်ဘုရားကြီး
ဒီက ဘာပြောနေတာကျလို့
စိတ်ပျက်ဖို့နေနေသာသာ
ဒီက ယုန်စုတ်ကြီးကို
ချစ်လွန်းလို့"

"ဒါပေမယ့် ကိုကို့ကြောင့် ကလေး နှုတ်ခမ်း ပေါက်သွားတယ်လေ"

"အာ့..ဟုတ်တယ်နော် ဘယ်လိုလုပ်မလဲ ပြော"

"ကိုကို့ကို ပြန်ကိုက်လေ ကလေးကို နာအောင်လုပ်မိတဲ့ ကိုကို့ကို
သွေးထွက်အောင်ပြန်ကိုက်"

"မလိုပါဘူး ကိုကိုရယ် ကလေးက
ကိုကို အနာတရ ဖြစ်တာ မလိုချင်ဘူး ဟုတ်ပြီလား မွစ်😘"

ဆိုပြီး ရှောင်ကျန့် နှုတ်ခမ်းအောက်ကမှဲ့လေးကို တစ်ချက်နမ်းလိုက်သည်

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now