Ep_37 (uni+zaw)

928 79 3
                                    

ရှောင်ကျန့် ဒီနေ့ ရှယ်ယာရှင်တွေနဲ့ အစည်းအဝေး ထိုင်ရမည်မို့ ကုမ္ပဏီသို့ သွားရမည်

သူ့ရဲ့ မြတ်နိုးရလေးကိုလဲ အိမ်တော်အပြင် မထွက်စေချင်လို

သူနဲ့ လိုက်မယ် တကဲကဲ လုပ်နေတဲ့ ချစ်ရတဲ့ ကလေးဆိုးလေးကြောင့်
Sui အပြည့်နဲ့ ရှောင်ကျန့်က ချော့ရပြန်သည်

"ကလေးရာ...ကိုကို စိတ်မချလို့ပါကွာ..."

"ဟီးးးခင်ဗျားကြီး ကျတော် သိတယ်နော်...အဟင့်... ကုမ္ပဏီက မိန်းမတွေကို သွားကြောင်မလို့မှတ်လား..ဟင့်.."

"အာ....."

"မရဘူး...ဟင့်..သားလိုက်ချင်တယ်လေ...ကိုကိုရာ...နော်.."

"ကလေး...ကိုကို့ကို ကြည့်...ကိုကို့မျက်လုံးကို သေချာစိုက်ကြည့်.."

"အဟင့်..."

"အရင်တစ်ခါ ကလေးနဲ့ အပြင်ထွက်တုန်းက ဟိုမိန်းမ ကလေးကို အန္တရာယ်ပေးဖို့ ကြိုးစားတယ်လေ
ကိုကိုက ကလေး တစ်ခု ခု ဖြစ်မှာစိုးလို့ပါကွာ...နော်.."

"ဒါပေမယ့်..ဟင့်..ကိုကို ရှိတယ်လေ.."

"အင်း..တစ်ခုခုများ..လွဲချော်ခဲ့ရင်..ကိုကို...ရင်ကျိုးရမှာ....
အဟင့်...ကို..ကိုကို...အိ.."

စကားကို ဆက်မပြောနိုင်ပဲ သူ့လက်လေးကို ဆုပ်ကိုင်လို့ ခေါင်းငုံ့ ငိုနေတဲ့ ကိုကိုကြောင့် ဝမ်လေးလု ထပ်မရစ်တော့ပါ

"ကိုကို...မငိုနဲ့တော့နော်..တိတ်တော့..မွချ်😘 ဟီးးး ပြန်လာရင်တော့ ကလေးကြိုက်တဲ့ မုန့်တွေ အများကြီးမှ အများကြီး ဝယ်ခဲ့နော်../"

လက်ဟန်လေးဖြင့် အများကြီး ဝယ်လာဖို့အရေး မှာကြားနေတဲ့ ကလေးပေါက်

တကယ်ပါ ကြည့်လေ မြင်လေ အချစ်တိုးလာလေလေ
မြတ်နိုးလာလေလေ ပါ ကလေးရယ်

"ဟုတ်ပါပြီ..အဆိုးလေး.."

ရှောင်ကျန့် နှာခေါင်းလုံးလုံးလေး တစ်လျှောက် လက်ညှိုးလေးဖြင့် ပွတ်ဆွဲရင်း ပြောမိသည်

"ကလေး...ကိုကို ပြန်မလာမချင်း အိမ်အပြင်မထွက်ရဘူးနော်..ကိုကို
စိတ်ပူတာ သိတယ်မလား..""

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now