Ep_14 (Unicode)

1.1K 70 5
                                    

ဒီလိုမဖြစ်ရဘူး ဝမ်လေးအချစ်ကို
ငါပဲ ရရမယ် ရှောင်ကျန့် အရင်ကမင်းကို ပြိုင်ဆိုင်လိုစိတ် မရှိခဲ့ဘူး

အခုတခါတော့ ငါပထမဆုံးရူးသွပ်ခြင်းပဲ

ရှောင်ကျန့်တစ်ယောက်ဝမ်လေးနဲ့
ချစ်သူဖြစ်ပြီဆိုကတည်းက ဝမ်လေးကို သူ့အနား အချိန်တိုင်း ခေါ်ထားလေသည်

ဘာလို့လဲမေးတော့ သူ့ကို အခြားနတ်ဘုရားတွေ ကြည့်မှာ မလိုလားတို့တဲ့

ဒီကိုကိုဟာလေ သူ့ကိုပဲ ချစ်ပါတယ်ဆို တကယ်ပါပဲ

ဒါပေမယ့် ကိုကို့စကားနားထောင်တာလဲ သူပါပဲ

ကိုကို့ခဗျာ သူ့ကို အိမ်ရှေ့စံ နေနတ်ဆောင်ကိုလာချိန် သူနဲ့ တွေမည်စိုး၍ ရှောင်ခိုင်းတာက တစ်လုပ်

ကျတော် အကို ဇီချွမ်းကို ခင်ပေမယ့် ကိုကို စိတ်ကွက်မှာ မလိုလားလို့ ကိုကို့သဘောကျရှောင်ပေးလိုက်ပါသည်

ပန်းဥယျာဉ်ထဲမှာပဲ လမ်းလျှောက်နေရင်း ကြည်နူးမှုလေးကဝင်လာသည်

ဒီဥယျာ်ဉ်လေးကို က်ုကိုနဲ့သူနဲ့ ပေါင်းစပ်ဖန်တီးခဲ့တာလေ

ရနံ့ပေါင်းစုံ ပန်းပင်တွေနဲ့ ရှားပါးနတ်ပန်းတို့က လှပတင့်တယ်စွာ
ပွင့်လန်းနေသည်

ထို့အပြင် ငွေမှုန်လေးတွေက်ု ဖြန့်ကျဲရင်း ပျံသန်းနေတဲ့ လိပ်ပြာလေးတွေလဲ သူလာတော့ ကြိုဆိုကြဟန် တူပါတယ်

သူ့ပတ်လည်မှာ ပျံဝဲနေကြတယ်

ရေအိုင်နားရောက်လာတော့လဲ ကိုကိုကိုယ်တိုင် ပျိုးထောင်ထားတဲ့
နတ်ကြာပန်းတွေက သုံးလောက၌
အလှဆုံးဘွဲ့ကို ခံယူထားသည်

သူ့သခင်လိုပေါ့

ရေအိုင်အလယ်သို့ပေါက်ရောက်သော စင်္ကြံလျှောက်လမ်းလေးနဲ့
ကန်လယ်မှာ အဆောင်လေးထားရှိတယ်လေ

ကျတော် ကန်လယ်အဆောင်ထိ လမ်းလျှောက်သွားသည့်တိုင် လိပ်ပြာလေးတွေက ငွေမှုန်ရွှေမှုန်တွေ ကြဲရင်း လိုက်ပါနေတုန်းလေ

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now