2

4.9K 252 22
                                    




"သားရေအဖေမိတ်ဆက်ပေးရဦးမယ် ဒါကအဖေနဲ့လက်ထက်မယ့်အမျိုးသမီး သားရဲ့မေမေလေးပေါ့"


ပိတ်ရက်တနေကုန်အိပ်ထားသော‌ကြောင့်ဗိုက်ဆာလာ၍အောက်ထပ်သို့အဆင်း လှေကားအလယ်တွင်နမ်ဂျွန်းတယောက် ကြက်သေသေသွားရသည်။

'ဘယ်လို'


"ဟုတ်တယ်သား အဖေလဲ ပြောမယ်ပြောမယ်နဲ့မပြောဖြစ်တာ သားနဲ့လဲမျက်နှာချင်းမဆိုင်ဖြစ်သေးလို့ကျောင်းအလုပ်ရုံးအလုပ်တွေရှုပ်နေကြတာမလား"


ဒါက Kim Ji Woo  တဲ့ အဖေ့ရဲ့အတွင်းရေးမှူးပေါ့ အခုတော့အလုပ်ထွက်ပြီးအဖေ့အိမ်ထောင်ရှင်မပဲလုပ်တော့မှာလေ"


"ဟန်နီရေဒါက ကိုကို‌ပြောပြောနေတဲ့ ကိုကိုသားလေး Kim Nam Joon တဲ့ ဟန်နီသားလေးနဲ့ဆိုအသက်တူတူလောက်ရှိမယ်ရော်"


"ဒါကတော့သားရဲ့ညီလေးလေ  Kim Seok Jin တဲ့"


နမ်ဂျွန်း ဘာမှမ‌ပြောနိုင်တော့ပဲ ဆွံ့အသွားရသည် သွားပြီသူ့ရဲ့ရည်မှန်းချက်လေးတော့ပျောက်ဘီ ပျော်ရွှင်စရာမိသားစုလေးကိုပြန်လည်ဖန်တီးဖို့  မျှော်လင့်ချက်လေးတွေကြက်ပျောက်ငှက်ပျောက်သွားပြီလေ ဒါပေမယ့် နမ်ဂျွန်းစိတ်မလျှော့ပါ


သူစိတ်အလိုမကျစွာ မျက်ခုံးနှစ်ဖက်ကိုကျုံ့ကာ အဖေမိတ်ဆက်ပေးသောလူနှစ်‌ယောက်ဆီအကြည့်ပို့လိုက်မိသည်  တ‌ယောက်ကအသက်သုံးဆယ်စွန်းစွန်းအရွယ် အမျိူးသမီး လှသည်ဟုဆိုထိုက်သော်လည်း မိတ်ကပ်များအဆမတန်လိမ်းထား ပြီးလျှပ်ပေါ်လော်လီ၀တ်ထားသည်မှာ ပျိူ့ချင်စရာ  ပိုင်းလုံးမ ဟုစိတ်ထဲခေါ်မိလိုက်သည်၊၊


ထိုအမျိုးသမီးဘေးကတ‌ ယောက်

သူနှင့်ရွယ်တူဟုအဖေပြောသော်လည်း မျက်နှာထားမှာရင့်ကျက်စွာ လောကဓံကို အရွယ်နှင့်မလိုက်အောင်အတော်သင့်ခံထားရပုံပေါ်သည် အ၀တ်အစားများမှာလည်း ပုံမကျပန်းမကျ မျက်နှာကဘာမှမလိမ်းချယ်ထားသော်လည်း ငယ်ဂုဏ်လေးနှင့်ကြည့်ကောင်းသည်ဟုထင်ရသည် ထူးခြားသည်မှာသူ့မျက်လုံးများ..

ဘာခံစားချက်မှမတွေ့ရသောမျက်လုံးများ


*ပိုင်းလုံးမရဲ့သားလား အခိုင်းအစေလား*


The Other Side of UsWhere stories live. Discover now