'ကျောင်းဆင်းရင်ကော်ဖီသွားသောက်ရအောင်ဂျင်လေး'
'ဟုတ် ထယ်'
'ဒီဆိုင်က Espresso Macchiato ကော်ဖီလေးကိုယ်ကြိုက်တယ် ဂျင်လေးကောဘာမှာမလဲ'
'အတူတူပဲမှာလိုက်ပါထယ်'
ဆော့ဂျင်ဒီနေ့စိတ်သိပ်မကြည်ပါ မနက်တည်းကခေါင်းတွေနောက်နေသည် တွေးစရာတွေလဲအပြည့် ထယ့်အပေါ်လဲမတရားသလိုခံစားနေရသည် သူ့ကိုယ်သူအပြစ်တင်စိတ်ကထိန်းမရ သူထယ့်ကိုသိပ်ချစ်ပါသည် စကားနှင့်ပင်ဖော်ပြလို့မရအောင်ချစ်ရပါသည် သို့သော် သူဘာတွေဖြစ်နေလဲသူ့ကိုယ်သူလဲနားမလည် သူ့စိတ်ကပဲပျော့ညံ့လွန်းတာလား
သူ့ရှေ့ရောက်လာသောကော်ဖီခွက်လေးတွေ့တော့မှဆော့ဂျင်အတွေးတွေထဲကနေသတိပြန်၀င်မိသည်
'ကိုယ့်ကလေးလေးကဘာတွေတွေးနေတာလဲ အာရီးဂူး' ဆော့ဂျင်ပါးနှစ်ဖက်ကိုအုပ်ကိုင်ကာပြောလာသည်(ဂျင့်မွေးနေ့တုန်းကထယ်လေးဂျင့်ပါးကိုညှစ်တဲ့ပုံလေးမြင်ယောင်ကြကုန်)
'စာမေးပွဲအကြောင်းတွေနေတာပါထယ် စာမေးပွဲနီးလာပြီနော်'
'ဟုတ်တယ်ဂျင်လေး ပိတ်ရက်တွေကိုယ်တို့နဲ့စာအတူလုပ်ပါလား ကိုယ့်အမလဲပါမယ် ကိုယ့်အိမ်မှာဖြစ်ဖြစ် ကော်ဖီဆိုင်မှာြဖစ် ဖြစ်စာတူတူလုပ်ကြရအောင်'
'ဟုတ် ထယ်'
'ဟို ဟို ဆော့ဂျင်မဟုတ်လားဟင်'
ဘေးမှအသံကြားလို့ ကြည့်လိုက်တော့ ဆော့ဂျင်ရဲ့ငယ်သူငယ်ချင်း ဂျီမင်း, ဆော့ဂျင်ကျောင်းကောအိမ်ကောပြောင်းလာတော့နှုတ်တောင်မဆက်ခဲ့ရ
'ရား ပတ်ဂျီမင် သူငယ်ချင်းကြီး တွေ့ရတာ၀မ်းသာလိုက်တာ' ဆော့ဂျင်လဲအားရ၀မ်းသာဂျီမင်းကိုဖက်ထားလိုက်သည် မတွေ့ရတာကြာတဲ့ငယ်သူငယ်ချင်းကြီးကိုဒီမှာပြန်တွေ့ရမယ်မထင်ထား
'Minnie 'ဒါက ကင်ထယ်ယောင်းတဲ့ ငါ့ချစ်သူ'
'၀ိုး တွေ့ရတာ၀မ်းသာပါတယ် ချောလိုက်တာ ဆော့ဂျင်ရား မင်းကံကောင်းလိုက်တာ ဟိဟိ'
ထယ်နှင့်ဂျီမင်တို့လက်ဆွဲနှုတ်ဆက်ကြတာကို ဆော့ဂျင်ပြုံး၍ကြည့်နေမိသည်၊၊
YOU ARE READING
The Other Side of Us
Fanficမင်းကိုမုန်းတာထက်ပိုတယ် ရွံတယ် မင်းဘ၀ကိုငါနင်းခြေ ပြမယ် ပိုမုန်းတာကမင်းကိုချစ်မိသွားတဲ့ငါ့ကိုယ်ငါပဲ Kim Namjoon ငါတကယ်ချစ်နေတာဘယ်သူလဲ ငါ....ငါ..... Kim Seok Jin သနားတာကသနားတာပဲ အချစ်မှမဟုတ်တာ စာနာသနားတဲ့စိတ်ကိုအချစ်လို့မထင်ဘူး Jeon Jung Kook ဘယ်လိ...