21

1.8K 150 75
                                        

ဒီဇင်ဘာ၄ ရက်နေ့ ဆော့ဂျင်မွေးနေ့


JK-'ငါတို့ဆက်စောင့်လို့မဖြစ်တော့ဘူး နှစ်ရက်တောင်ရှိနေပြီ သူတနေရာရာကိုအလည်သွားတယ်ဆိုရင်တောင်ငါတို့တယောက်ယောက်ကိုဆက်သွယ်မှာပဲ အခုကလုံး၀အဆက်အသွယ်မရတာနော် ဖုန်းကလဲအခုထိပိတ်ထားတုန်း တယောက်ယောက်ကသူ့ကိုခေါ်သွားတာသေချာနေပြီကွ မင်းတို့ဘာလို့အဲလောက်သွေးအေးနေရတာလဲ  ကင်ထယ်‌ယောင်း ဂျင်ကမင်းကိုပြောပြထားတယ်ဆို ဘာသဲလွန်စမှမစဥ်းစားမိဘူးလား Shit နှစ်ရက်တောင်ရှိနေပြီကွနှစ်ရက်တောင်သူဘယ်လောက်ကြောက်နေမလဲ'


TH 'သွေးအေးနေတာမဟုတ်ဘူးကွ မင်းကပဲငါ့ထက်စိတ်ပူရဦးမလား ရဲတွေပါ ပါလာရင်အကုန်ရှုပ်ကုန်လိမ့်မယ်ခဏပဲဆက်စောင့်ဖို့ပြောတာ ပြီးတော့ငါကြုံတုန်းပြောဦးမယ် ဆော့ဂျင်ကငါ့ချစ်သူ မင်းကငါ့အမချစ်သူ ဘောင်တွေတော့ကျော်ကျော်မလာနဲ့ ကိုယ့်စည်းနဲ့ကိုယ်နေ'


NJ-'ကင်ထယ်ယောင်း မင်းကဆော့ဂျင် Stalking အလိုက်ခံနေရတာမှန်းသိရဲ့သားနဲ့ ဘာလို့ဘာမှမလုပ်ပေးနိုင်ခဲ့တာလဲကွ အနည်းဆုံးတော့အတူတူနေတဲ့ငါ့ကိုပြောပြရမယ်လေ ဟမ် ဆော့ဂျင်သာတခုခုဖြစ်ကြည့် မင်းကိုငါ့လက်နဲ့ကိုယ်တိုင်သတ်မှာ တောက်'


TH-မင်းကဘာအနေအထားမို့ငါ့ကိုလာ Blameနေတာလဲ ငါ့ကောင်လေး ကိစ္စငါ့ဘာငါကြည့်လုပ်မယ် မင်း၀င်ပါစရာအကြောင်းမရှိဘူး မင်းဂျင့်ကိုဘယ်လိုနိုင်ထက်စီးနင်းဆက်ဆံထားလဲ ငါမသိဘူးများထင်နေတာလား ငါအခုလူသတ်ဖို့လဲ၀န်မလေးဘူးနော်'


JM-'အမလေး ဟေ့ကောင်တွေ တော်ကြပါတော့ကွာ အခုကတယောက်နဲ့တယောက်အပစ်တင်နေရမယ့်အချိန်မဟုတ်ဘူး ဆော့ဂျင်လဲငါတို့ရန်ဖြစ်နေတာကိုကြိုက်မှာမဟုတ်ဘူး  ရဲကိုလဲတိုင်ပြီးငါတို့လဲလုပ်နိုင်သမျှအကုန်လုပ်ကြရအောင် အကောင်းဆုံးကိုမျှော်လင့်ကြတာပေါ့ သူပြန်လာမှာပါ'


NJ -'ဂျင် တခုခုမကောင်းတာဖြစ်နေပြီထင်တယ် ဂျီမင်းငါစိတ်ထဲမှာလေးနေတယ်'


JK-'ကင်နမ်ဂျွန်း နမိတ်မရှိနမာမရှိ  မင်းအပေါက်ကိုခဏပိတ်ထားပြီး ဂျင့်ကိုရှာဖို့အစီအစဥ်စဆွဲကြရအောင် အိုခေ?'

The Other Side of UsWhere stories live. Discover now