8

2.2K 196 13
                                    



ကျောင်းစတဲ့နေ့ကကန်တင်းမှာဖြစ်ခဲ့သောပြသနာအပြီးသူနမ်ဂျွန်းကိုရှောင်နေခဲ့သည် ကန်တင်းလဲမသွားတော့ အအေးနှင့်ပေါင်မုန့်ကိုသာယူလာပြီးအတန်းထဲမှာတယောက်တည်းစားသည်။ထယ်ယောင်းနှင်းဂျောင်ကုတို့က ထိုနေ့ကကိစ္စကိုမသိသလိုနေပေးကြသည်။ ထယ်ယောင်းအမထယ်ယွန်းကတော့မိန်းကလေးပီပီစပ်စုချင်သည် ထယ်ယောင်းနှင့်ဂျောင်ကူတို့မေးလဲမမေးအစလဲမဖော်တာကိုပဲကျေးဇူးတင်ရမည်။

ခုဆိုကျောင်းတက်ရတာသုံးပတ်နီးပါးရှိဘီ အကုန်လုံးလဲကျောင်းပထမနေ့ကကိစ္စကိုမေ့ပျောက်သွားဖို့ဂျင်ဆုတောင်းမိသည်

Tae- ဂျင်နေ့လည်အချိန်ရရင်ငါ့ကိုအချိန်ခဏပေးပါလား?

Jin- အင်းရတယ်လေ Tae

Tae-ထမင်းစားကျောင်းဆင်းရင်ကျောင်းဝန်းပန်းခြံထဲကခုံလေးဆီလာခဲ့နော်

Jin- အင်းအင်း

ဂျင်ရောက်တော့ထယ်ယောင်းကခုံတန်းလေးပေါ်ထိုင်နေသည်

"ဂျင်လေးလာလေ ဒီမှာထိုင်"

"ဟုတ်ထယ် ဘာပြောမလို့လဲ"

"ဟိုလေဂျင်လေး တမျိုးတော့မမြင်နဲ့နော် ထယ်ဒါကိုပြောဖို့တော်တော်အချိန်ယူပြီးစဉ်းစားခဲ့ရတာ

ကိုယ်လေဂျင့်ကိုချစ်တယ် မြင်မြင်ချင်းချစ်မိသွားတာ ဂျင့်ကိုစောင့်ရှောက်ပေးသွားချင်တယ် ယောကျ်ားအချင်းချင်းမို့ကိုယ့်ကိုအထင်မသေးပါနဲ့နော် ကိုယ်ယောကျ်ားလေးတွေကိုကြိုက်တာမဟုတ်ပါဘူးဂျင့်ကိုပဲချစ်မိသွားတာပါ"

ဂျင်ခဏတော့အပျော်တွေနှင့်ဆွံ့အသွားရသည် စတွေ့ကတည်းကboxy smileလေးနှင့်ဂျင်ရင်ခုန်မိသောဆွဲဆောင်မှုရှိလှသောကောင်ချောလေးကဂျင်ကိုချစ်သည်တဲ့

*အို ငါဘယ်လောက်များကံကောင်းလိုက်သလဲ*

"ဂျင်လဲကိုယ့်ကိုချစ်တယ်မလားဟင်"

ဂျင်အဖြေစကားပင်မဆိုလိုက်ရသေး သူ့နှုတ်ခမ်းလေးပေါ်ရုတ်တရက်ကျရောက်လာသောနွေးထွေးသောနှုတ်ခမ်းတစုံ ချိုမြိန်လှသောအနမ်းတွေ

The Other Side of UsWhere stories live. Discover now