25

1.6K 133 63
                                    

"ထယ်ယွန်းငါတို့လမ်းခွဲရအောင်"

"ဘာ ဘာကြောင့်လဲ ဘယ်သူ့သဘောနဲ့လဲ"

"ငါနင့်ကိုမချစ်မှန်း နင်သိနေတာပဲ ငါကိုလွှတ်ပေးပါတော့ ဒီမှာတင်ပြီးရအောင် နင့်ကိုလဲဆက်ပြီးစိတ်မပင်ပန်းစေချင်တော့ဘူး"

"သူ့ကြောင့်လား"

"ဘယ် ဘယ်သူလဲ"

"ကင်ဆော့ဂျင်"

"သူနဲ့ဘာမှမဆိုင်ဘူး ငါတို့နှစ်ယောက်ကိစ္စတခြားသူဆွဲမထည့်နဲ့"

"ဟက် ငါ့ကိုဘာမှမသိဘူးမှတ်နေတာလား နင်သူ့ကိုခံစားချက်ရှိနေတာကို ငါအကုန်သိတယ် နင့်စိတ်ကိုနင်သေချာဆန်းစစ်ကြည့်ဦး အဲ့ဒါအချစ်မဟုတ်ဘူး သနားတာ သနားလို့ကယ်တင်ပေးချင်တာ လှတဲ့အရာလေးမို့လောဘတက်ပြီးကိုယ့်ဘေးနားထားချင်တာ"

"မဟုတ်ဘူးမဟုတ်ဘူး ပထမငါလဲအဲလိုပဲထင်ခဲ့တာ ဒါပေမယ့်စာနာသနားတာမဟုတ်ဘူး တချိန်လုံးငါ့ကိုယ်ငါလိမ်နေခဲ့မိတာ ငါသူ့ကို ချစ်...ချစ်တယ် ပြီးတော့ ဘယ်တော့မှသူ့ကိုအဆုံးရှုံးခံတော့မှာမဟုတ်ဘူး ငါတောင်းပန်ပါတယ် ငါ့ကိုခွင့်မလွှတ်လဲရပါတယ် ထယ်ယွန်း"

"ဒီမှာ နင်ကင်ဆော့ဂျင်အပေါ်မရိုးမသားစိတ်ရှိနေတာ ငါအရင်တည်းကသိတယ် ငါ့ကိုချည်းကပ်ခဲ့တာလဲ သူ့ကကိုမေ့နိုင်ဖို့အသုံးချဖို့ဆိုတာလဲသိတယ် ဒါပေမယ့်နင်သိလား ငါအဲဒါတွေအကုန်သိတာတောင် ဘာမှမသိသလိုဟန်ဆောင်ပြီးနင့်နားမှာပဲတွယ်ကပ်နေခဲ့တာ ငါ့ကို နည်းနည်းလောက်တော့ငဲ့ကြည့်ပေးသင့်ပါတယ်ဟာ"

"ငါပါးစပ်အပေါက်၁၀၀ရှိရင်တောင်ပြောဖို့စကားမရှိတော့ပါဘူး ငါတကယ်တောင်းပန်ပါတယ် ယွန်း မတရားမှန်းလဲသိပါတယ် ငါ့နှလုံးသားနောက်ပဲလိုက်တော့မယ်ဆုံးဖြတ်လိုက်ပြီမို့ပါ"

"ဟဟ  ရယ်ရတယ် Jungkook ရယ် နင်သိလား ငါ့မောင်ဆိုလဲ နင်နဲ့ကင်ဆော့ဂျင် နောက်မီးလင်းနေတာကိုသိရက်နဲ့ထုတ်မမေးပဲကြိတ်မှိတ်မျိုသိပ်ထားခဲ့တာ သူဘယ်လောက်ခံစားနေရလဲကောသိလား"

"ဟင်ဒါဆိုကင်ထယ်ယောင်းကအကုန်သိနေခဲ့တာလား"

"ဟက် နင် ငါတို့မောင်နှမနှစ်ယောက်လုံးအပေါ်တော်တော်မတရားလုပ်ခဲ့တာပဲ ဝဠ်မလည်ပါစေနဲ့ငါဆုတောင်းပေးလိုက်ပါတယ် Jeon Jung Kook ခွင့်လွှတ်ဖို့တော့မပြောနဲ့ င်တသက်လုံးနင်နဲ့ကင်ဆော့ဂျင်ကိုအခဲမကြေဘူး"

The Other Side of UsWhere stories live. Discover now