ဒီနေ့ဂျင်စင်ဘီးလေးကိုစီးကာကျောင်းကိုနင်းလာခဲ့သည် ကုန်းဆင်းလေးရောက်တော့မျက်နှာပေါ်ဝှေ့လာတဲ့လေလေးတွေနဲ့အတူအသက်ကိုခက်ပြင်းပြင်းရှုသွင်းပစ်လိုက်သည်။
လတ်ဆတ်လန်းဆန်းသွားသောခံစားချက်နှင့်အတူမနက်ခင်းနေရောင်ခြည်ထဲမှာပါသောမြူနှင်းလေးကိုပါခံစားကာ ခဏလောက်စက်ဘီးနင်းရင်းမျက်လုံးလေးများမှိတ်မိတော့ သောကြာနေ့ကသူရခဲ့သောပြင်းရှရှအနမ်းများကိုသတိရမိသည်တော့မြန်လာသောရင်ခုန်သံတွေ၊ တဆက်တည်းမှာပဲထယ်ပေးခဲ့သောပထမအနမ်းနှင့်ယှဉ်မိသည်၊ပြင်းရှရှအနမ်းနှင့်နူးညံ့နွေးထွေးသောအနမ်းများ...
ရှေ့အပတ်ကသူနှင့်ထယ်ယောင်းတရားဝင်ချစ်သူတွေဖြစ်ခဲ့ကြသည်မဟုတ်လား ထယ့်ကိုသူချစ်သည်ထင်သည် ထယ့်ကိုတွေ့ရင်ရင်ခုန်သည် ထယ့်မျက်နှာကိုတဝကြီးထိုင်ငေးနေချင်သည် ထယ့်စကားပြောသံကိုနားထောင်ရသည်မှာစမ်းရေများစီးဆင်းနေသကဲ့သို့ကြည်လင်အေးမြနေသည်ဟုထင်သည်။
သူနှစ်စက္ကန့်လောက်မျက်လုံးမှိတ်စီးပြီးမှပြန်ဖွင့်လိုက်သည်
အိမ်ကရွှေမင်းသားလေးကသူ့ကားပေါ်ကိုအတင်မခံသည့်နေ့မှစသူစက်ဘီးဝယ်ဖို့ သူစုဆောင်းထားသောပိုက်ဆံထဲကအနည်းငယ်သုံးခဲ့သည် ကျောင်းနှင့်အိမ်ကသိပ်မဝေးတော့ဘတ်စ်ကားလဲမစီးချင်
သူဒီနေ့ထယ်ကိုသောကြာနေ့ကအကြောင်းတခုခုရှင်းပြရမည်။ Jungkookအကြောင်းတော့မပြောတာကောင်းမည်။ သူတို့မူးနေခဲ့ကြလို့မှားခဲ့ကြတဲ့အနမ်းတွေပဲ၊ သူ serious မထားချင်။ Kook ကိုလဲတောင်းပန်ကာမရှိခဲ့သလိုသဘောထားပေးဖို့ပြောရမည်။Kookကကောသူ့ကိုဘယ်လိုသဘောထားမည်လဲ၊ထယ်နှင့်ချစ်သူတွေဖြစ်နေတာkookကမသိလို့သူ့ကိုနမ်းခဲ့တာလား...
ကျောင်ရှေ့အရောက်
"ဟင်"
ကားပေါ်မှဆင်းလာသောဂျွန်းသူ့ထံသို့တည့်တည့်လျှောက်လာသော်သူလဲယောင်ယမ်းပြီးစက်ဘီးပေါ်ကဆင်းလိုက်သည်
"ဟုတ်သခင်လေး ဘာ ဘာခိုင်းမလို့လဲဟင်" စကားထစ်နေသောသူ့ကိုယ်သူအပစ်တင်မိသည်

YOU ARE READING
The Other Side of Us
Fanfictionမင်းကိုမုန်းတာထက်ပိုတယ် ရွံတယ် မင်းဘ၀ကိုငါနင်းခြေ ပြမယ် ပိုမုန်းတာကမင်းကိုချစ်မိသွားတဲ့ငါ့ကိုယ်ငါပဲ Kim Namjoon ငါတကယ်ချစ်နေတာဘယ်သူလဲ ငါ....ငါ..... Kim Seok Jin သနားတာကသနားတာပဲ အချစ်မှမဟုတ်တာ စာနာသနားတဲ့စိတ်ကိုအချစ်လို့မထင်ဘူး Jeon Jung Kook ဘယ်လိ...