26

1.8K 150 82
                                    

၁၈ရက်မြောက်နေ့

သူ့ကိုတင်းကြပ်စွာဖက်ထားသောကြွက်သားအပြည့်နှင့်လက်မောင်းများကိုတချက်ကြည့်ပြီးနောက် အသက်ကိုပုံမှန်ရှုကာ ငြိမ်းချမ်းစွာအိပ်ပျော်နေသော လက်မောင်းပိုင်ရှင်လေးမျက်နှာကိုလဲအချိန်အတော်ကြာငေးနေမိသည် ဒါဟာသူတို့ရဲ့ sweet momentလေးဆိုဘယ်လောက်ကောင်းမလဲလေ မနက်ခင်းတိုင်းမှာချစ်ရသူမျက်နှာလေးကိုငေးကြည့်ရင်းနိုးထရတာ ကြည်နူးဖွယ်အတိ သို့ပေမယ့် အခြေအနေတွေကဘယ်ကစမှားယွင်းသွားလဲမသိ သေချာတာကတော့သူ့အပြစ်တွေသာ

သူတွေးနေတုန်း Tae ကနိုးလာပြီး သူ့နှဖူးလေးကိုအနမ်းဖွဖွပေးလိုက်သည်

"ဗိုက်ဆာနေပြီလား ဂျင်လေး ကိုယ်မနက်စာ သွားပြင်လိုက်ဦးမယ်"

"ဟိုလေ ဂျင်လဲလိုက်လို့ရလားဟင်" သူရောက်နေသောနေရာရဲ့ သဲလွန်စတခုခုများတွေ့လိုတွေ့ငြားပြောလိုက်သည်

"မလိုက်နဲ့ ဂျင်လေး မင်းကဒီအခန်းထဲပဲစောင့်နေ ကိုယ်အပြင်ကတံခါးသော့ခတ်သွားမှာ"

ဆော့ဂျင်သက်ပြင်းရှည်ကိုချကာဘယ်ဘက်လက်သန်းကြွယ်မှာ၀တ်ထားတဲ့ငွေရောက်လက်စွပ်လေးကိုသေချာကိုင်ကြည့်လိုက်သည် ယမန်နေ့က Tae သူ့ကို၀တ်စေခြင်းဖြစ်၏ ထိုလက်စွပ်ကဆော့ဂျင်တစ်ယောက်တည်းဆီမှာပဲရှိနေတာမဟုတ်သလို နောက်ဆင်တူတစ်ကွင်းကလဲ ဆော့ဂျင် ချစ်ခဲ့သော Taeဆိုသည့်လူသားမှာရှိနေခြင်းမဟုတ်ပါ အလွန်ကြောက်ဖို့ကောင်းသော အချိန်မရွေးသူ့ကို အန္တရာယ် ပေးနိုင်သည့် Taeနှင့်မျက်နှာတူသော ပြန်ပေးသမားဆီမှာသာ

"ဖျားနေတာနှစ်ရက်ရှိပြီ မနေ့ကဆေးတွေရောသေချာသောက်ရဲ့လားဂျင်လေး"

ဆော့ဂျင်သူ့ပါးစပ်ရှေ့တေ့ပေးလာသောဆန်ပြုတ်ဇွန်းကိုအသာတွန်းဖယ်ကမျက်နှာကိုတဖက်လွှဲလိုက်သည်။

"Taeမင်းငါ့ကိုစိတ်ပူတယ်ဆိုရင်ဘာလို့ဒီကိုဖမ်းခေါ်လာတာလဲ အခုဆို ငါ့အမေတို့ ဂျွန်းတို့ဘယ်လောက်စိတ်ပူနေမယ်ဆို..."

"မင်းပါးစပ်ကိုပိတ်ထား ကင်ဆော့ဂျင် ငါ့အရှေ့မှာမင်းအကောင်နာမည်ကိုယောင်လို့တောင်ထွက်မလာနဲ့"

The Other Side of UsWhere stories live. Discover now