7

2.1K 214 29
                                    

Update နောက်ကျသွားတာချောတီးပါ
feedbackလေးတွေရေးခဲ့ကြပါဦး
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဂျောင်ကုဒီကျောင်းကိုဒုတိယနှစ်မှပြောင်းလာခဲ့ခြင်း၏ရည်ရွယ်ချက်ကတစ်ခုတည်း

လက်စားချေဖို့......

ကင်နမ်ဂျွန်း ဟုတ်သည် ကျောင်းတော်ကရန်စတွေပင် အလယ်တန်းကျောင်းတုန်းက

နှစ်ဦးစလုံးကကျောင်းအမှုဆောင် ဒိတ်ဒိတ်ကြဲသူဌေးများ၏သားများဖြစ်သည့်အပြင်ရုပ်ရည်ရူပကာများပါပြည့်စုံကြသည်မို့ နာမည်ကြီးများဖြစ်သည်  တယောက်နှင့်တ​ယောက်လဲသူ့ထက်ငါပြိုင်ဆိုင်ကြသည် မတည့်ကြ  မျက်နှာချင်းဆိုင်၍မရ  သို့သော် ကံတရားကမည်သို့လွဲမှားသည်မသိ နွမ်းပါးသောကောင်မလေးတယောက်ကိုပြိုင်တူချစ်မိကြသည်  ကင်နမ်ဂျွန်းကသူကြိုက်သောကောင်မလေးမို့အားကျမခံပြိုင်လိုက်သည်လားတကယ်ကြိုက်တာလားတော့မသိ  ဂျောင်ကုကတော့အမှန်တကယ်ပင်ထိုကောင်မလေးကိုသဘောကျခဲ့သည် သနားခြင်းကစသည်ပေါ့....

ကောင်မလေးကအမှန်ပင်သနားဖို့ကောင်းသည်
ကဲထားပါတော့ဝမ်းနည်းစရာအတိတ်တွေကိုသိပ်မတွေးချင်  အဆုံးမှာတော့ကောင်မလေးကဂျောင်ကုကိုအဖြေပြန်ပေးခဲ့သည် ဂျောင်ကုကိုရွေးချယ်ခဲ့သည်

ဒါကိုမနာလိုမရှုစိမ့်နိုင်သော ကင်နမ်ဂျွန်းက ကောင်မလေးကိုဖျက်စီးခဲ့သည် သူမထိရက်မကိုင်ရက်ခဲ့သောကြွေရုပ်လေးကိုခြေတော်တင်ခဲ့သည်  သူသိသည့်အချိန်က သူ့ကြွေရုပ်လေးကိုလိုက်ရှာပါသော်လည်းမတွေ့တော့ ကျောင်းထွက်သွားပြီး ဆိုးလ်မှပါထွက်သွားပြီကြားသိရသည်  အချစ်ဦးအသည်းပေါက်အောင်ချစ်ရပါသော ကြွေရုပ်လေးအပေါ်ဒင်းလုပ်ရက်ခဲ့သည်   နောက်နေ့ကျောင်းရောက်တော့သူစိတ်လွတ်ကာ ကင်နမ်းဂျွန်းကိုစိတ်ရှိလက်ရှိထိုးမိသည်  ဘေးကလူတွေဝိုင်းဆွဲလို့သာဒီကောင်အသက်ချမ်းသာရာရသွားတာ

ထိုနောက်ပိုင်း အလယ်တန်းစားမေးပွဲများဖြေပီးကျောင်းပိတ်သွားသည် အထက်တန်းကျောင်း ဒင်းရှိနိုင်မည့်ကျောင်းများကိုရှာသော်လည်းမတွေ့  ဒီပိတ်ရက်မှာသူဒီကျောင်းမှာရှိသည်သတင်းရကာ အဖေ့ကိုကျောင်းပြောင်းခိုင်းခဲ့ခြင်းဖြစ်သည်

The Other Side of UsWhere stories live. Discover now