နမ်ဂျွန်းလပ်တော့ကိုပိတ်ချလိုက်ကာ သက်ပြင်းကိုခပ်ပြင်းပြင်းချမိသည် အင်တာနက်တွင်လည်းသူလက်လှမ်းမီသလောက်ဆော့ဂျင်အကြောင်းကိုကြော်ငြာထားပြီးဖြစ်သော်လည်းမည်သည့်သဲလွန်စမှမရသေး ဆော့ဂျင်အကြောင်းစုန်းစမြှုပ်စပျောက်လျှက်ရှိ၏။
သူစာကြည့်စားပွဲမှထကာအောက်ထပ်မှဆော့ဂျင်အခန်းလေးထဲဦးတည်လိုက်မိသည် ယနေ့အတွက်ဘယ်နှကြိမ်သွားမိမှန်းမသိ... အေးစက်နေပြီဖြစ်သော်လည်းဆော့ဂျင်ကိုယ်ငွေ့လေးများရှိခဲ့သော ခေါင်းအုံးလေးများအိပ်ယာခင်းလေးများကိုပွတ်သပ်နမ်းရှုပ်နေမိသည် သူခိုးဖတ်ဖူးခဲ့သောဒိုင်ယာရီလေးကိုလဲအထပ်ထပ်ပြန်ဖတ်ကာ နှုတ်ခမ်းများတွန့်ကွေးသည်အထိကိုယ့်ကိုယ်ကိုမသိပဲပြုံးနေမိသည်...
*ကိုယ့်ကိုစတွေ့ကတည်းက ဂျွန်းလို့ခေါ်ချင်ခဲ့တဲ့ကောင်လေး...ငါ့ကိုယ်ငါပြောင်းလဲပြီးမင်းကိုအတိုးချချစ်ပေးမှာမို့ ကိုယ့်ဆီကိုကျန်းကျန်းမာမာနဲ့ပြန်လာခဲ့ပါကလေးငယ်ရယ်*
ၒၒၒၒ
TH-"အဲဒီတော့မင်းပြောချင်တာက ငါကဂျင်လေးကိုဖွက်ထားတယ်ပေါ့"
JM-"မင်းကိုညကဖုန်းဆက်တော့သူ့အသံကိုသေသေချာချာကြီးကြားခဲ့ရတာလေ"
TH-"မင်းရူးနေလား သောက်အဓိပ္ပါယ်မရှိတာတွေလာပြောမနေနဲ့ ဂျင့်ကိုငါကဘာလို့ဖမ်းထားရမှာလဲဟမ် သူ့ကိုပြန်တွေ့ဖို့ငါကမင်းတို့ထက်ပိုလိုလားတယ်ဆိုတာမြဲမြဲမှတ်ထားလိုက် ပတ်ဂျီမင်း"
JM-"အေးပြီးတာပဲလေ အခုဆော့ဂျင်ပျောက်နေတာမင်းစနက်မကင်းဘူးဆိုတာငါသိတဲ့နေ့ မင်းအသေပဲ"
ဂျီမင်းလက်ညှိုးငေါက်ငေါက်ထိုးကာကင်ထယ်ယောင်းရှေ့မှလှည့်ထွက်လာခဲ့လျှက် လက်များက ဘောင်းဘီအိတ်ထဲမှဖုန်းဆီသို့လှမ်းပြီးတစုံတယောက်ကိုဖုန်းခေါ်ရန်ပြင်လိုက်သည်။
ၒၒၒၒ
နမ်ဂျွန်းတစ်စုံတစ်ယောက်ကိုစိတ်လှုပ်ရှားစွာစောင့်မျှော်နေလျှက်ကားတံခါးကိုခေါက်နေမိသည် သူဒီနေ့မှတ်မှတ်ရရ ဆော့ဂျင်ကိုမွေးနေ့လက်ဆောင်ပေးရန်သူဆင်တူ၀ယ်ထားသော တီရှပ်အပြာနုရောင်လေးနှင့် ....ထို့နောက်သူ့ကားနားကိုချည်းကပ်လာသောအရိပ်လေးတစ်ခု သူအလိုက်တသင့်ကားတံခါးကိုဖွင့်ပေးလိုက်သည်

YOU ARE READING
The Other Side of Us
Fanfictionမင်းကိုမုန်းတာထက်ပိုတယ် ရွံတယ် မင်းဘ၀ကိုငါနင်းခြေ ပြမယ် ပိုမုန်းတာကမင်းကိုချစ်မိသွားတဲ့ငါ့ကိုယ်ငါပဲ Kim Namjoon ငါတကယ်ချစ်နေတာဘယ်သူလဲ ငါ....ငါ..... Kim Seok Jin သနားတာကသနားတာပဲ အချစ်မှမဟုတ်တာ စာနာသနားတဲ့စိတ်ကိုအချစ်လို့မထင်ဘူး Jeon Jung Kook ဘယ်လိ...