5

2.2K 247 18
                                    

နွေရာသီ၏မနက်ခင်းတခု

အထက်တန်းပဒုတ တန်းများပြန်ဖွင့်ပီ ကျောင်းသူကျောင်းသားများလဲတဖွဲဖွဲရောက်လာကြသည်

ကျောင်းသူကျောင်းသားများ၏မျက်နှာသည်   မနက်ခင်းနေရောင်ခြည်နှင့်အပြိုင် ကြည်လင်၀င်းပနေကြသည်

ဒီအရွယ်ဆိုတော့လည်းရည်မှန်းချက်များမျှော်လင့်ချက်များဖြင့်လန်းဆန်းနေတတ်ကြသည့်အရွယ်

  Taehyung သူ့အမွှာအမကို တချက်လောပြီးအတန်းဆီပြေးသွားလိုက်သည်

"မြန်မြန်လာပါဟ နောက်ဆုံးတန်းဦးရဦးမယ်  နင်မိတ်ကပ်လိမ်းနေတာနဲ့နောက်ကျနေရတဲ့ကြားထဲ"

Kim Taehyung နဲ့ Kim Taeyoung ဆိုသည့်အမြွာနှစ်‌ယောက်က ပထမနှစ်စတက် ကတည်းက သူတို့ရဲ့ချောမောတဲ့ရုပ်ရည်ကြောင့်ဒီကျောင်းရဲ့နာမည်ကြီးစာရင်းထဲမှာပါသည် ထယ်ယောင်းဆိုသည်မှာလဲ ယောကျ်ားပီသလွန်းသောရုပ်ရည်ကြောင့်မိန်းကလေးများအကြားရေပန်းစားလှသည် သူ့အမထယ်ယွန်းသည်လည်းထို့အတူ အရော၀င်ချင်သောယောကျ်ားလေးများ များလွန်းသောကြောင့် ထယ်ယေားကဘေးကကော်လိုကပ်ကာ လိုက်ဟန့်နေရသည်။

"ဘုန်း"  "အား"

ထယ်‌ယောင်းပြေးနေရင်းနောက်ကအသံကြားလို့လှည့်ကြည့်လိုက်သည်

"ဟင်"

"ဘေဘီ ဒီနှစ်လအတွင်း အရမ်းလှလာတယ်နော်"

"လာမမ မြန်မြန်လာ"

ထယ်‌ယောင်းသူ့အမလက်ဆွဲကာ အမြန်ထွက်ခဲ့သည် နို့မို့ဆိုမလွယ် ကျောင်းပထမနေ့မှာပြသနာမတက်ချင် သူအတတ်နိုင်ဆုံးရှောင်သည့်လူနဲ့မှတည့်တည့်တိုးရတယ်လို့

ကင်ထယ်ယွန်းကိုအသည်းအသန်လိုက်သူများထဲတွင် ကင်နမ်ဂျွန်းကထိပ်ဆုံးက မျက်နှာလဲ‌ပြောင်လွန်းလှသည်

ကင်နမ်ဂျွန်းနှင့်တရက်ပဲဖြစ်ဖြစ်တွဲချင်သော မိန်းကလေးများ ဒီကျောင်းမှာမှိုလိုပေါက်နေသော်လည်း ကင်ထယ်ယွန်းတော့မပါပေ လူဆိုသည်မှာလည်းမရသည်ကိုပိုလိုချင်သည့်အမျိုး မရတော့ပိုလိုက်သည် ထယ်ယောင်းနှင့်ပြသနာတက်သည်မှာလည်းခဏခဏ

The Other Side of UsWhere stories live. Discover now