29 Final

4.4K 179 106
                                        

ယနေ့သူနဲ့ဘေဘီတို့ရဲ့ကလေးငယ်လေးတွေကိုမွေးဖွားသန့်စင်မည့်နေ့...

ခွဲခန်းထဲ၀င်တော့မည့်ခင်ပွန်းသည်ကိုလက်လေးဆုပ်ကိုင်ကာအားပေးလိုက်သည်။

အမြွှာတွေဆိုတော့ သူများကိုယ်၀န်ဆောင်တွေထက်ဗိုက်ကလေးက ပိုစူထွက်နေတာမထူးဆန်း" ဗိုက်ကလေးကိုပွတ်ကာပြောလိုက်သည်။

"ကိုယ်တော့ အဖေဖြစ်တော့မှာအရမ်းရင်ခုန်တာပဲဘေဘီရယ်"

"ဘေဘီလဲအရမ်းရင်ခုန်တာပဲ အမွှာလေးတွေဆိုတော့ တစ်ယောက်ကဘေဘီ့ကိုယ်ပွား နောက်တစ်ယောက်က ဒါလင့်ကိုယ်ပွားလေး ဟိဟိ"

"မဟုတ်ပါဘူးနော် ကိုယ်က ဘေဘီနဲရုပ်ချင်းချွတ်စွပ်တူတဲ့ ဘေဘီ့ကိုယ်ပွားလေးပဲလိုချင်တာ"

"ဒါလင်ကတော့သိပ် ပိုတာပဲ ဟွန်း"

ဟုတ်ပါသည်သူသည်သူ့ခင်ပွန်းကင်ဆော့ဂျင်နှင့်ပတ်သက်လျှင်တခြားလူတွေကရူးနေပြီလို့ကိုထောပနာပြုရလောက်အောင်သိပ်ကိုအကဲဆတ်ကာသဲသဲလှုပ်သည်။

ကင်ဆော့ဂျင်ဆိုသောအဖိုးတန်လူသားလေးကိုသူငုံထားမတတ်ချစ်ရပါသည်။ လွန်ခဲ့တဲ့နှစ်နှစ်ကဖြစ်ခဲ့သော အဖြစ်ဆိုးကြီး အိုသူဆက်ပင်မတွေးချင်တော့ အဲ့အဖြစ်အပျက်ကြောင့် ဆော့ဂျင် ရှော့ရပြီး တစ်နှစ်လောက်ဆေးကုလိုက်ရသည်။ယခုထိတိုင် အိပ်မက်မက်ပြီးလန့်လန့်နိုးနေတုန်းဘေဘီက...

အာဒီနေ့ကအဲ့နေ့ရဲ့နှစ်နှစ်ပြည့် နှစ်ပတ်လည်ပဲ... ဟုတ်သားပဲသူမေ့နေတာပင်...ဒါဆိုဘေဘီကကောမမှတ်မိတာလား တမင်သက်သက်မေ့ထားတာလား ဒါမမဟုတ်ခွဲမွေးမယ့်ရက်ကို ဒီရက်ဖြစ်အောင် တမင်သက်သက်ပဲ စီစဥ်လိုက်တာလား အစွဲအလမ်းကြီးလွန်းလိုက်တာဘေဘီရယ်......

ၓၓၓၓၓၓၓၓၓၓၓ

လွန်ခဲ့သည့်နှစ်နှစ် ဒီလိုနေ့က

"ဟင် ထယ်..ထယ်..."

"ဟမ် ကင်ထယ်ယောင်း မင်းကဘယ်လိုလုပ်..."

"အဲဒီ့လက်ကိုလွှတ်လိုက်"

ထယ်ယောင်းဒေါသထွက်နေတာတွေ့တော့နမ်ဂျွန်းကိုယ်နောက်ကိုပြေးကွယ်လိုက်ပါသောဆော့ဂျင်

The Other Side of UsWhere stories live. Discover now