22

1.6K 141 43
                                        

ကဲကဲ မပြောမပီးမတီးမမြည်ဆိုသလို အရင်အပိုင်းတွေမှာရည်ရွယ်ချက်ရှိရှိထိန်ချန်ခဲ့တဲ့Tae's POV ကိုနှစ်ပိုင်းခွဲတင်ပြလိုက်ချေပြီတမုံ့



Childhood

ခလွမ်း

"ရှင် ရှင် မိုက်ရိုင်းလှချည်လား ကျွန်မအဲ့ပန်းအိုးကိုဘယ်လောက်နဲ့လေလံဆွဲလာခဲ့ရလဲသိရဲ့လား အရက်သမားရဲ့"

"ဘယ်လောက်နဲ့ဖြစ်ဖြစ်ငါဂရုမစိုက်ဘူးကွ မင်းကိုလဲငါမမြင်ချင်ဘူး မကျေနပ်ရင်အိမ်ပေါ်ကဆင်း

"အမလေးသွားမှာပါ သွားမှာပါ ရှင်ကွာရှင်းစာချုပ်မှာလက်မှတ်လေးတစ်ချက်ပဲထိုးပေးလိုက် ကျွန်မအရိပ်တောင်ရှင်မမြင်စေရဘူး"

"အောင်မာ သူခိုးကလူပြန်ဟစ်လို့ မင်းအကောင်နဲ့ပျော်ဖို့ငါကလက်မှတ်ထိုးပေးရမှာလား ဆုတောင်းလေ"

ဖြန်း

"ရှင်ရှင်ကျွန်မကိုလက်ပါတယ်ပေါ့လေ"

ညညဖေဖေနှင့်မေမေရဲ့တနေ့တမျိုးမရိုးရအောင်ရန်ဖြစ်သံများကိုထယ်ယောင်း မကြားချင်မှအဆုံး  တယောက်တည်းငိုချင်လာ၍သူ့အမထယ်ယွန်းအခန်းထဲသွားနေလိုက်သည်။ သူ့အမကတော့အေးဆေးပင် နားကြပ်တပ်ကာလက်သည်းဆိုးမပျက်

ဖေဖေနှင့်မေမေအိမ်ထောင်ရေးဤမျှလောက်ဆိုးဝါးသည်မှာ မကြာသေး လွန်ခဲ့သော နှစ်အနည်းငယ်လောက်ကစသည်။ မေမေနှင့် သူ့အချစ်ဦး Mr Jeonဆိုသောလူကြီးဖောက်ပြန်နေသည်ဟုဖေဖေစွပ်စွဲသည် ထိုလူနှင့်မှမဟုတ် ထယ်ယောင်းတို့ငယ်ငယ်တုန်းကလဲမေမေက ဒရိုင်ဘာဦးလေးကြီးနှင့်ဖောက်ပြန်ခဲ့သည်။ တည ထိုဦးလေးကြီး ခြံအနောက်ဖက်မှာဓားတန်းလန်းနှင့်သွေးသံရဲရဲ သေနေသောမြင်ကွင်းကသူ့မျက်စိရှေ့ကမထွက်သေး အဖေ့လက်ချက်မှန်းသူသိသည်။ ငွေနှင့်လိုက်ကာလက်သည်မပေါ်အောင်လက်စဖျောက်လိုက်တာလဲသိသည်။ ညတိုင်းလဲထိုမြင်ကွင်းကိုအိပ်မက်ဆိုးမက်ပြီးလန့်နိုးဆဲပင် အမေဖောက်ပြန်တဲ့ကိစ္စနဲ့ပတ်သတ်ပြီးအဖေက အမေ့ကိုခွင့်လွှတ်ပြီးဒရိုင်ဘာဦးလေးကြီးအပေါ်ဒေါသပုံချရန်ရန်ဆုံးဖြတ်ခဲ့ပုံရသည်။

The Other Side of UsWhere stories live. Discover now