6

2.1K 193 27
                                    

" Jeon Jung Kook လို့ခေါ်ပါတယ်"

SJ's POV - ဘယ်နတ်ဘုရားကဖန်တီးခဲ့လဲမသိရတဲ့ သေသပ်လွန်းတဲ့မျက်နှာ ထင်ရှားတဲ့မေးရိုး မျက်ခုံးမျက်လုံး နှာခေါင်းမျက်တောင် နားရွက် တခုမှအပြစ်ပြောစရာမရှိအောင် အတိအကျသေသက်လှပလွန်းလှစွာ ထီမထင်အကြည့်နှင့်နှုတ်ခမ်းပေါ်ကမထီတရီအပြုံးတို့ကျ သူ့ရဲ့မူပိုင်ဆွဲဆောင်မှုဖြစ်နေသလို သူများထက်ထူးခြားသည်မှာ သူ့ထံတွင်သူ့ကိုယ်ပိုင်မာန်ရှိသည် သူ့ဟန်သူ့အသံသည် တခြားသူတွေကိုလွှမ်းမိုးနိုင်စွမ်းရှိသည်

ကင်နမ်ဂျွန်းကဲ့သို့

ဟင်း

ဂျင်မဆီမဆိုင်တွေးမိပြီး နားရွက်များရဲလာကာသက်ပြင်းချမိလိုက်သည်

ကင်နမ်းဂျွန်းအကြောင်းတွေးမိတော့မနက်ကအကြောင်းခေါင်းထဲဝင်လာသည် ကျောင်းပထမဆုံးနေ့မလို့ဂျင် စောစောထွက်ခဲ့တော့ သူ့လိုပဲအစောကြီးတက်ကြွနေသည့်နမ်ဂျွန်းကိုအိမ်ရှေ့မှာအိမ်ကားပေါ်တက်သွားတာတွေ့ရသည်

"သားလေးဆော့ဂျင်တခါတည်းလိုက်ခဲ့လေ သခင်လေးနဲ့ကျောင်းတူတးပဲမဟုတ်လား" ဒရိုင်ဘာဦးလေးကြီးကပြောလိုက်ခြင်းဖြစ်သည်။

"ဒရိုင်ဘာချာ ကိုယ့်တာဝန်ကိုယ်လုပ်ပါ ဘယ်ကမှန်းမသိတဲ့ကလေကချေတွေကျွန်တော့ကားပေ့ါမတင်ပါနဲ့ အလုပ်ပြုတ်သွားချင်သလား"

"ဟုတ်ကဲ့သခင်လေး"

"ရပါတယ်ဦးလေး ကျွန်တော်ဘတ်စ်နဲ့ပဲသွားပါမယ် ကျေးဇူးပါ"

"မင်းလဲကိုယ့်အဆင့်ကိုယ်သိ အဖေ့ကိုတားမရလို့တကျောင်းတည်းနေရတာ မင်းလိုပိုင်းလုံးမျိုးရိုးနဲ့မိန်းမပျက်ကမွေးတဲ့ကောင်နဲ့တကျောင်းတည်းတက်ရမှာသနတယ်" ကားမှန်ချ၍ပြောလာသော ကင်နမ်ဂျွန်း

ဆော့ဂျင်သိမ်ငယ်စွာ ခေါင်းကိုငုံ့ချလိုက်သည် မျက်လုံးမှရစ်ဝဲလာသောမျက်ရည်များကိုသခင်လေးမမြင်စေချင်လို

သူ့ကိုနမ်ဂျွန်းက သူ့အခိုင်းအစေအဖြစ်နေရန်သာမက သခင်လေးလို့ပါခေါ်ရန်ညွှန်ကြားခဲ့သည်မဟုတ်လား

သူ့စိတ်ထဲမှာတော့ပါးချိုင့်နှင့်ထိုအပြုံးအလှပိုင်ရှင်လေးအတွက်ကိုယ်ပိုင်ခေါ်ချင်တဲ့နာမည်ရှိပြီးသား

The Other Side of UsWhere stories live. Discover now