19

1.5K 139 50
                                        

7:00PM

ဆော့ဂျင်ရေမိုးချိုးပြီး သူနဲ့တဖွဲ့တည်းကျသည့် ဆောင်းဂီတို့အိမ်သို့သွားဖို့ပြင်သည်  Presentation အစမ်းလေ့ကျင့်ရန်ဖြစ်၏

ဆောင်းဂီတို့မှာကျောင်းပြီးကျူရှင်ဂိုက်များနှင့်အလုပ်များလှသောကလေးများဖြစ်ကြသည့်အလျှောက်ညနေ ညဘက်မှသာအားကြသည် သူတို့အားသောအချိန်ကိုညှိပေးရခြင်းဖြစ်၏၊၊ ဆော့ဂျင်မထွက်မီဂျီမင်းပြောသည်များကိုအမှတ်ရပြီးဂျီမင်းဆီမတ်ဆေ့ပို့ရန်ဖုန်းကိုထုတ်လိုက်သည်

To Jimin

လိပ်စာ  ................... ကိုသွားမယ် Minnie 9နာရီခွဲလောက်ပြန်ရောက်မယ် မတ်ဆေ့ပို့လိုက်မယ်ပြန်ရောက်ရင်

From Jimin

Ok Jin Stay Safe!

9:00PM

ဆော့ဂျင်ဆောင်းဂီတို့အိမ်မှဘတ်စ်ကားဂိတ်သို့လမ်းလျှောက်အသွား နောက်မှခြေသံတရှပ်ရှပ်ကြားရ၍ ရပ်ကာနောက်လှည့်ကြည့်လိုက်သည်   ထိုခံစားချက်ပင် သူ့နောက်မှာတယောက်ယောက်ရှိနေပြီးသူ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်ခံနေရသလိုခံစားချက်မျိုး သူလမ်းလျှောက်နေရာမှရပ်လိုက်ကာ မျက်လုံးများကိုမှိတ်ချလိုက်ပြီးစိတ်ကိုတည်ငြိမ်အောင်လုပ်နေလိုက်သည်

ဂျီမင်းကိုလည်းဖုန်းထုတ်ပြီးမတ်ဆေ့ပို့လိုက်သည်၊၊ ပြီးနောက်ဘက်လှည့်ကြည့်လိုက်သည်

ဘယ်သူမှတွေ့ရ

'ဘယ်သူလဲ ဘာလို့ငါ့နောက်လိုက်နေတာလဲ သိပ်သတ္တိရှိနေရင်လူလုံးထွက်ပြလေ' ဆော့ဂျင်အော်ပြောလိုက်သည်

ထိုသို့အော်ပြောလိုက်မှပိုကြောက်လာသလို..ရင်ထဲမှာလဲမွန်းကြပ်ပြီးတကိုယ်လုံးတုန်ယင်လာသည်

လမ်းကိုဆက်လျှောက်ခဲ့ပြီးနောက်ရှေ့မလှမ်းမကမ်းမှာ ၂၄နာရီဖွင့်တဲ့စာကြည့်တိုက်ကိုမြင်လိုက်တော့အားတက်သွားရကာခြေလှမ်းကိုခပ်သွက်သွက်လှမ်းလိုက်သည်

To Jimin

'Minnie ငါ့နောက်တယောက်ယောက်လိုက်နေသလိုပဲ ၓၓၓၓ ကိုလာကြိုပေးပါလား ငါအဲ့နားကစာကြည့်တိုက်ထဲ၀င်စောင့်နေမယ်'

The Other Side of UsWhere stories live. Discover now