'ဘာ ငါကဘာလို့တောင်းပန်ရမှာလဲ ပြီးငါ့အိမ်ကငါပိုင်တဲ့လူနဲ့ငါနဲ့ဖြစ်တဲ့ကိစ္စမင်းက အနေသာကြီး ဝင်ပါစရာအကြောင်းမရှိဘူး သူကတောင်ကြည်ဖြူနေတာကိုမင်းကမဆီမဆိုင် ဘာလာကြောင်နေတာလဲ''ကင်နမ်ဂျွန်း မင်းကအရင်ကစောက်ကျင့်တွေ တစက်မှမပြောင်းလဲသေးဘူးနော် သူတပါးကိုအနိုင်ကျင့်ချင်တဲ့စိတ် သူများဒုက္ခရောက်တာကိုမြင်မှအိပ်ပျော်စားဝင်တဲ့စိတ်'
'ဟိုလေ တော်ကြပါတော့နော် Jin ကပဲတောင်းပန်ပါတယ်'
ဒီတိုင်းလွှတ်ထားရင်မလွယ်တော့မှန်းသိလို့ ဆော့ဂျင်အလယ်ကနေဝင်ဖြန်ဖြေလိုက်ရသည်။
'မင်းလုပ်ခဲ့တဲ့လုပ်ရပ်တွေအကုန်မင်းပြန်ပေးဆပ်ဖို့ပြင်ဆင်ထားပါ'
ဂျောင်ကုလဲကမ်နမ်ဂျွန်းကိုထိုသို့ပြောပြီးသည်နှင့်ဆော့ဂျင်လက်ဆွဲကာထိုနေရာမှချာခနဲလှည့်ထွက်လာမိသည်။
JK- 'ငါတို့ကျောင်းပြေးရအောင်'
Jin- 'ဟင်ဖြစ်ပါ့မလား၊ ငါတခါမှကျောင်းမပြေးဖူးဘူးရယ်'
JK-'အိုးမို လူလိမ္မာလေးပေါ့ ဟားဟား'
Jin- 'ငါ့လက်ကိုလွှတ်ပါဦး နာနေပြီ'
ဂျောင်ကုဆော့ဂျင်လက်ကိုဆွဲကာကျောင်းနောက်ဖေးပေါက်သို့ဦးတည်လာခဲ့သည်။ ဒေါသထွက်နေသဖြင့်ဆော့ဂျင် လက်ကိုဘယ်လောက်တင်းကြပ်စွာဆွဲလာမိသည်မသိ သူပြောမှလွှတ်ပေးဖို့သတိရသည်။Jin- 'ဘယ်သွားကြမလဲငါတို့'
JK - 'ရုပ်ရှင်ကြည့်မယ် ဂိမ်းဆော့မယ် ဟန်မြစ်ဘေးသွား ဘီယာခိုးသောက်မယ်'
Jin- 'ဖြစ်ပါ့မလား'
Jk- 'ငါ့ဘဝမှာ ငါလုပ်ရင် မဖြစ်တာမရှိဘူးဆော့ဂျင်၊ငါလိုချင်ရင်လဲမရတာမရှိဘူး' ဆော့ဂျင်မျက်လုံးကိုစိုက်ကြည့်ကာပြောလိုက်သည်။
ထို့နောက်တွင်တော့ကျောင်း၏အနောက်ဖက်ခြံစည်းရိုးတွင်အုတ်နံရံကိုကျော်တက်နေသောပိန်ပိန်ပါးပါးဖြူဖြူသွယ်သွယ်ကျောင်းသားလေးနှင့် ထိုကျောင်းသားလေးကိုအောက်ကပင့်ချီကာအုတ်နံရံကိုတွန်းတင်ပေးနေသောဗလတောင့်တောင့်ကျောင်းသားလေးနှစ်ဦးကိုထိုမနက်ခင်းတွင်တွေ့နိုင်ပေသည်။
![](https://img.wattpad.com/cover/258854046-288-k440513.jpg)
YOU ARE READING
The Other Side of Us
Fanficမင်းကိုမုန်းတာထက်ပိုတယ် ရွံတယ် မင်းဘ၀ကိုငါနင်းခြေ ပြမယ် ပိုမုန်းတာကမင်းကိုချစ်မိသွားတဲ့ငါ့ကိုယ်ငါပဲ Kim Namjoon ငါတကယ်ချစ်နေတာဘယ်သူလဲ ငါ....ငါ..... Kim Seok Jin သနားတာကသနားတာပဲ အချစ်မှမဟုတ်တာ စာနာသနားတဲ့စိတ်ကိုအချစ်လို့မထင်ဘူး Jeon Jung Kook ဘယ်လိ...