4

2.5K 187 19
                                    




ဆော့ဂျင်ဒီအိမ်ကိုရောက်လာတာ ၁လကျော်ပြီ

နေစရာနေရာပြောင်းလဲသွားအဆင့်မြင့်သွားတာကလွဲရင်သူ့တနေ့တာကတော့အရင်အတိုင်းပါပဲအခုကလူတယောက်စာအလုပ်တောင်ပိုလုပ်နေရသေးတယ် ဆော့ဂျင်အရင်ကအမေနဲ့နေတုန်းကလဲ အိမ်သန့်ရှင်းရေး လျှော်ဖွတ် ဆေးကြော ချက်ပြုတ်တာ၀န်တွေဒိုင်ခံလုပ်ခဲ့ရတာပဲ အမေကတနေကုန်ရုံးသွား ပြန်လာတော့ပင်ပန်းတယ်ဆိုပြီး ဆော့ဂျင်ချက်ပြုတ်ပေးတာတွေစားသောက်ပြီးအိပ်တော့တာ။ အမေဟာဆော့ဂျင်အပေါ်ဘယ်တုန်းကမှမနွေးထွေးခဲ့

ဆော့ဂျင်ရဲ့ကိစ္စအ၀၀ကိုလဲဘယ်သောအခါမှစိတ်မ၀င်စားခဲ့ ကျောင်းသားအရွယ်မို့မုန့်ဖို့‌ပေးဖို့နေနေသာသာ စားသောက်စရိတ်ကို သူ့အချိန်ပိုင်းလုပ်က၀င်ငွေနဲ့၀ယ်ခြမ်းရသည်။အလယ်တန်းတုန်းထဲကအချိန်ပိုင်းအလုပ်တွေလုပ်ကာသူ့၀မ်းသူကျောင်းခဲ့ရသည်။

အဖေကတော့ဘယ်ဆီနေမှန်းမသိရ ဆော့ဂျင်အ‌ဒေါ်ပြောတာတော့လင်ကောင်မပေါ်ပဲမွေးသည်တဲ့ ဟုတ်မည် ယခုထိအမေက ယောကျ်ားတွေကိုအိမ်ပေါ်ခေါ်တင်တင်လာသောအကျင့်ရှိသည်။ ဆော့ဂျင်မကြိုက်ကြောင်းဖွင့်ဟပြောမိသည့်နေ့က အရှိုးရာထပ်အောင်အရိုက်ခံရသည် နောက်သူမ‌ပြောတော့ မမြင်ချင်ယောင်ဆောင်ပေးလိုက်သည်

သူ့အမေအခန်းထဲမှညညထွက်ပေါ်လာလေ့ရှိသည့်အသံတို့ကိုလဲမကြာားချင်ယောင်ဆောင်ပေးလိုက်သည်

အမေခေါ်လာသောယောကျ်ားများကတခါတခါဆော့ဂျင်ကိုထိကပါးရိကပါးလုပ်ချင်သည် ဟိုတခါတင်ပါးကိုလာညစ်၍ ဆော့ဂျင်ဆွဲထိုးလိုက်တော့  ဆော့ဂျင်ပဲအမေ့အရိုက်ခံရပြန်သည်

'သိပ်လူပါးမ၀နဲ့ ကင်ဆော့ဂျင် နင့်ကိုငါမွေးချင်လို့မွေးခဲ့တယ်များထင်နေလား နင့်လိုဂြိုလ်ကောင်ကိုငါ့အိမ်မှာခုထိထား‌ပေးထားတာပဲကျေးဇူးတင် ကိုယ့်အဆင့်ကိုယ်သိ ကိုယ့်လုပ်စရာရှိတာလုပ် ငါ့ကိစ္စတွေ၀င်မစွက်ဖက်နဲ့ငါမကြိုက်ဘူး နောက်တခါငါ့လူကိုကိုယ်ထိလက်‌ရောက်လုပ်ရင်တပတ်လုံးအခန်းထဲပိတ်ထားမယ်"

အမေသည်သူ့ကိုမချစ်တဲ့အပြင်မုန်းပါမုန်းနေပုံရသည် ထားတော့

The Other Side of UsWhere stories live. Discover now