16

1.6K 141 29
                                        

ဆော့ဂျင်ကော်ဖီဆိုင်ထဲကပြေးထွက်ကာလေပူတစ်ချက်မှုတ်ထုတ်လိုက်သည် ဟုတ်သည် ဒီနေ့သူလုပ်တာတွေမှန်သည် မလိုလားအပ်တဲ့ခံစားချက်တွေသံယောဇဥ်တွေကြောင့် သူ့ဘ၀ကြီးကိုမရှုပ်ထွေးစေချင် ဒီနေ့ဖြစ်သွားတဲ့အရာတွေအကုန်လုံးကသူ့အတွက်ဆန်းကြယ်နေသည် သခင်လေးကိုလဲပထမဆုံးအကြိမ်ပြန်ခံပြောမိသည်

နမ်းပြီးသူ့ကိုမသိချင်ယောင်ဆောင်၍ရှောင်နေသောKookကြောင့်အသဲကွဲခဲ့သော်လည်းKookကအဖြစ်မှန်ကိုရှင်းပြပြီးသူ့ကိုဖွင့်ပြောသောအခါKookကိုလဲငြင်းဆန်ခဲ့မိသည်

'ဂျင် ဂျင် ခဏစောင့်ပါဦး' ဂျောင်ကုဆော့ဂျင်နောက်ကပြေးလိုက်လာကာလက်ကိုဆွဲလိုက်ပြီးဆော့ဂျင်နောက်လှည့်လာသည်နှင့်မတုံ့ဆိုင်းပဲ ဆော့ဂျင်မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာနှုတ်ခမ်းနီရဲရဲလေးကိုအငမ်းမရဖိကပ်နမ်းရှိုက်တော့သည်

ကော်ဖီဆိုင်ထဲကလူတွေကတော့ ဒရမ်မာဇာတ်လမ်းကြည့်နေရသည်အလား တယောက်နှင့်တ‌ယောက်လက်တို့ကာဆော့ဂျင်တို့ကိုကြည့်ပြီးတိုးတိုးတိုးတိုးပြောနေကြသည်

ဆော့ဂျင်လဲရှိသမျှအားနှင့် ‌ဂျောင်ကုရင်ဘတ်ကိုတွန်းလိုက်သည်

'မင်းဘာလုပ်တာလဲ ဂျောင်ဂု လူမြင်ကွင်းကြီးမှာ မရှက်ဘူးလား' (Jinkook တို့ကလုပ်လိုက်ရင်လူမြင်ကွင်းကြီးမှာချည်း Taejin တို့ Namjin တို့ကိုအတုယူသင့်ကြောင်း ဤကားစကားချပ် 😬😬)

'ဆောရီးပါဂျင် ကိုယ်တောင်းပန်ပါတယ် ကိုယ်စိတ်မထိန်းနိုင်လို့ပါ အရင်က ကိုယ်သတ္တိကြောင်ခဲ့တဲ့အတွက်လဲကိုယ်တောင်းပန်ပါတယ်'

'အင်းဟုတ်ပါပြီ ‌ဂျောင်ကု နောက်နေ့မှတွေ့ရအောင် ငါအခုအရမ်းပင်ပန်းနေပြီမို့ ထပ်မလိုက်လာပါနဲ့တော့ တောင်းပန်ပါတယ်နော်' ဟုဆိုကာဆော့ဂျင်လှည့်ထွက်ခဲ့သည်၊၊ Kook နှင့်တွေ့တိုင်းမြန်လာတဲ့ရင်ခုန်သံတွေကတော့အရင်အတိုင်းပင် ချိုမြိန်လတ်ဆတ်နေဆဲ သူ့ကိုစိုးမိုးနိုင်လွန်းသောသူပါပေ..

အပြန်လည်းဆော့ဂျင်‌ ခြေကျင်လမ်းလျှောက်လာခဲ့သည် လမ်းမှာ စတိုးဆိုင်တွေ့လို့ညဘက်စာလုပ်ရင်းစားရန်မုန့်တွေ၀င်၀ယ်လိုက်သည်၊၊ ဒီညသူအချိန်ပေးကာသူ့ခံစားချက်တွေကိုပြန်ဆန်းစစ်ရပေဦးမည်

The Other Side of UsWhere stories live. Discover now