12

1.8K 170 15
                                    

'Jeon Corporation ကြီး၏တစ်ဦးတည်းသောအမွေဆက်ဆံသူကလိင်တူစိတ်ဝင်စားသူလား'

အင်တာနက်ပေါ်တွင်တက်လာသောသတင်းကိုနမ်ဂျွန်းစိတ်အလိုမကျစွာကြည့်မိသည်။ ခေါင်းစဉ်အောက်တွင်တော့ Jeon Jung Kookနှင့်တူညီကျောင်းဝတ်စုံဝတ်ထားကျောင်းသားလေးတယောက် မျက်နှာကိုဖျက်ထားသော်လည်း ရင်းနှီးနေတဲ့ပုံရိပ်လေးလို

'မဟုတ်လောက်ပါဘူး'

'မီဒီယာတွေကလဲတဆိတ်ကိုတအိတ်လုပ်ဖွဲ့နွဲ့ပြီးရေးရေးနိုင်လွန်းတယ် ကျစ်....'

ဒီနေ့Jinအားတင်းကာကျောင်းခန်းထဲသို့၀င်လိုက်သည် အမှန်ဆိုလျှင်ဂျောင်ဂုကိုသူရင်မဆိုင်နိုင်သေး ရည်းစားရှိပါလျှက်တခြားသူရင်ခုန်မိသောသူ့ကိုယ်သူလည်းအပြစ်တင်မိသည်..
မောနင်း "ထယ်ယောင်း ထယ်ယွန်း ဂျောင်ဂု ငါရောက်ပြီ'

Taeတို့မောင်နှမကိုနှုတ်ဆက်လိုက်ပြီးJKကိုတော့မျက်လုံးခြင်းမစုံစေပဲတိုးညှင်းစွာနှုတ်ဆက်စကားဆိုမိသည်။

TH, TY:'အာညော်'
ဆော့ဂျင်ကိုပြန်နှုတ်ဆက်လိုက်သော်လည်းမျက်နှာများကမသာယာကြ။

*ဘာစိတ်ညစ်ညူးစရာများရှိလို့လဲTaeရယ်*

Jk:'အင်းဆော့ဂျင်ရောက်ပီလား'

JKမျက်နှာမှာလုံးဝအပြစ်ကင်းစင်သောကလေးငယ်လေးသဖွယ် သူ့ယုန်သွားလေးများပေါ်ကာနှုတ်ဆက်လာသည်။သူ့လိုပင်အနေရခက်မည်ဟုထင်ထားသောငြားအပြစ်ကင်းစင်စွာပြန်လည်နှုတ်ဆက်လာသောသူ့အားကြည့်၍ဆော့ဂျင်အားမလိုအားမရဖြစ်လာသည်။

ဒီနေ့ ဒီလေထုကြီးကဆော့ဂျင်အတွက်စိမ်းကားလွန်းလှသည်။ Taeတို့မောင်နှမလည်းမျက်နှာမကောင်း

ဆော့ဂျင်လဲဒီအနေအထားကိုမကြိုက်လို့tolietထဲသွားကာစိတ်ကြည်လိုကြည်ငြားဘေစင်တွင်မျက်နှာသစ်လိုက်သည်။ မျက်လုံးပြန်အဖွင့်သူ့ဘေးမှာရပ်နေတဲ့သူကိုတွေ့လိုက်ရတော့ Kook

မပြော၍လဲမဖြစ်ဤမတင်မကျအနေအထားကြီးကိုလဲဆော့ဂျင်မကြိုက်၊Kookဘက်ကဘယ်လိုသဘောထားလဲမသိပေမယ့် ဆော့ဂျင်တော့သေလောက်အောင်မျက်နှာပူမိနေသလို ရှက်လဲရှက်နေမိကာ ရင်တွေလဲခုန်နေမိသည်။ ပိတ်ရက်နှစ်ရက်လုံးညို့ယူနိုင်လွန်းလှတဲ့ နှုတ်ခမ်းနှစ်လွှာအကြောင်းခဏခဏစိတ်ရောက်နေခဲ့တာ၊သူ့စိတ်အစုံကိုဖမ်းစားနိုင်လိုက်တာ။

The Other Side of UsWhere stories live. Discover now