28

1.9K 135 60
                                    




မြည်နေသောဖုန်းသံကိုဂရုမစိုက်ပဲထယ်ယောင်း အိပ်မောကျနေသော ဆော့ဂျင်ကိုတချက်ငဲ့ကြည့်လိုက်သည် ထို့နောက် နံရံအပြည့်နေရာယူထားသောဆော့ဂျင်ဓာတ်ပုံများကိုမျက်လုံး‌ဝေ့ကြည့်လိုက်ကာတကိုယ်တည်းသာကြားနိုင်သောအသံနှင့်ဖုန်းဖြေလိုက်သည်။ သူဒီအခန်းမှာအနေများလာသည်နှင့်အမျှသူ့အိပ်ခန်းမှာကပ်ထားသောသူကိုယ်တိုင်ရှုထောင့်ပေါင်းစုံမှခိုးရိုက်ထား​သောဆော့ဂျင်ဓာတ်ပုံများကို ဒီအခန်းတွင်ပြောင်းလဲချိတ်ဆွဲကာအလှဆင်ထားသည် သူဤမျှလောက်ထိစွဲလန်းရပါကြောင်းသူ့ဂျင်လေးကိုသိစေချင်သည်။

ဆော့ဂျင်ဖုန်းသံကြား၍ဖြည်းဖြည်းချင်းပွင့်လာသောဆော့ဂျင်မျက်လုံးများကိုတော့သူသတိမထားမိ

"ပြောဂျီမင်း ဘာကိစ္စလဲ"

"............................."

"အခုလား ငါမအားသေးဘူး"

"................................."

"ဘာအရေးတကြီးပြောစရာရှိတာ ဆော့ဂျင်ကိစ္စဟုတ်လား အင်း ငါအခုထွက်လာမယ် အချိန်တော့သိပ်မရဘူး ဘယ်ကိုလာရမှာလဲ"

ဂျီမင်းနှင့်ဖုန်းပြောပြီးနောက်ထယ်ယောင်း ကုတင်ပေါ်မှာအိပ်ပျော်နေဆဲဖြစ်သောဆေ့ာဂျင်ကိုတချက်ပြန်ကြည့်ကာ စားပွဲပေါ်မှကားသော့ကိုကောက်ယူကာအခန်းထဲမှထွက်သွားပြီး အပြင်မှသော့ပြန်ခတ်ခဲ့လိုက်သည်။မသွားချင်သော်လည်းဆော့ဂျင်ကိစ္စအရေးကြီးသည်ဆိုတော့မသွားလို့မဖြစ်..ကိုရီးယားကမထွက်သွားချင်အချိန်အထိသူတို့သံသယ၀င်လို့မဖြစ်သေး

မင်းခုချိန်ကိုယ့်ကိုလူဆိုးလို့ထင်ချင်ထင်နေမယ် ကိုယ့်ကိုရွံမုန်းချင်မုန်းနေလိမ့်မယ်ဂျင်လေး ဒါပေမယ့်ကိုယ်လုပ်သမျှကမင်းအတွက်ချည်းပဲ မင်းနဲ့ကိုယ့်ရဲ့အနာဂတ်အတွက်ပဲကလေး*

အရာအားလုံးအသားကျပြီး သူနှင့်ဆော့ဂျင်နှစ်ယောက်တည်းလူတွေနဲ့‌ဝေးရာမှာ သာယာသောမိသားစုလေးတစ်ခုဖန်တီးနိုင်သည့်အချိန်ကျလျှင်တော့သားသားမီးမီးလေးများယူရန်အစီအစဥ်ကိုတွေးပြီးပျော်နေမိသည် ဘာမှမသေချာမရေရာသေးသည့်အချိန်မို့ ဂျင်လေးကို Birth Control Pillsများသောက်ခိုင်းထားရသည်ကိုလည်းစိတ်မကောင်း

The Other Side of UsWhere stories live. Discover now