18

1.6K 140 26
                                        


'ဒါကဘယ်လဲ'

'ကျောင်းသွားမလို့ သခင်လေး'

'သွားမနေနဲ့တော့ နောက်ကျနေပြီကွင်းပတ်ပြေးချင်လို့လား အိမ်ပြန်မယ်ကားပေါ်တက်'

ဆော့ဂျင်ကျောင်းလဲပြန်မသွားဖြစ်တော့ နမ်ဂျွန်းနှင့်အတူအိမ်ပဲပြန်လာလိုက်သည် ထယ်ကိုမတ်ဆေ့ပို့လိုက်ပြီး Kook ကိုစာပြန်လိုက်သည်။

To Jungkook

'Kook ကိစ္စတွေကရှုပ်နေလို့ နောက်နေ့တွေ့ရင်သေချာရှင်းပြပါ့မယ်နော် ဒီနေ့တော့နေလို့သိပ်မကောင်းလို့ပြန်လိုက်တော့မယ်ဒါနဲ့ Kookကဘယ်မှာလဲ ဂျင့်ကိုမြင်နေရတာလား'

To Taehyung

'ဒီနေ့ နေလို့သိပ်မကောင်းလို့ ‌ကျောင်းမတက်တော့ဘူး ထယ် နက်ဖန်မှတွေ့မယ် ချစ်တယ်'

From Taehyung

'ဖျားနေတာလား ဂျင်လေး သေချာနားလိုက်နော် ကိုယ်ညနေဘက် ဂျင်လေးအိမ်နားလာခဲ့မယ် ဘာတွေစားချင်လဲပြောထားနော် ဆရာ၀င်နေလို့ ဖုန်းခဏပိတ်ထားလိုက်ဦးမယ် ချစ်တယ် ဂျင်လေး'

1:00PM

ဆော့ဂျင်နေ့လည်စာစားပြီး ရှပ်အကျီအပွကြီး၀တ်ကာ ဧည့်ခန်းထဲက က ဆိုဖာပေါ်ထိုင်ပြီး လပ်တော့နှင့်နောက်နေ့ကျောင်းမှာအဖွဲ့လိုက်တင်ပြရမည့် Powerpoint Presentation မှသူ့အပိုင်းကိုပြင်ဆင်နေလိုက်သည်။

ဘုတ်

မျက်လုံးရှေ့ရောက်လာတဲ့ မုန့်ထုပ်တချို့ကြောင့်ဆော့ဂျင် မော့ကြည့်မိသည်

နမ်ဂျွန်းကသူ့ကိုကြည့်လာသောမျက်လုံးအစုံကိုရှောင်ရှားပြီးဆော့ဂျင်မျက်နှာချင်းဆိုင်ရှိဆိုဖာပေါ်တွင်၀င်ထိုင်လိုက်၏

'နေ့လည်စာလဲသိပ်မစားတော့ ဗိုက်ဆာနေမှာစိုးလို့'

ဆော့ဂျင် နမ်ဂျွန်းကိုပြုံးပြလိုက်သည် ဆော့ဂျင်ဘဝမှာပြုံးခဲ့ဖူးသမျှအပြုံးထဲတွင် အတောက်ပဆုံးအပြုံးဖြစ်မည်ဟု ကိုယ့်ကိုယ်ကိုထင်မိသည် နမ်ဂျွန်းကလဲသူ့မူပိုင်ပါးချိုင့်များပေါ်အောင်ပြန်ပြုံးပြတော့ ဆော့ဂျင်မှာငေးကနဲ

The Other Side of UsWhere stories live. Discover now