3

3K 198 16
                                    

အဲ့ကောင်ကိုအောက်ထပ်မှာပဲထားအပေါ်မှာမထားနဲ့"

"သားရယ်အပေါ်ထပ်မှာလဲအခန်းတွေအများကြီးပိုနေတာကို အောက်မှာက အစေခံအခန်းတွေလေ"

နမ်ဂျွန်းအခန်းထဲထိလိုက်လာသော အဖေနှင့် နမ်ဂျွန်းစကားအခြေအတင်ဖြစ်နေကြခြင်းဖြစ်သည်။

"မလိုချင်ဘူး ဖြစ်နိုင်ရင် အဲ့မိန်းမကိုပါ အောက်ထပ်မှာထားချင်တာ"

"သားရယ်မိသားစုတွေပဲဟာကို ပြီး ဆော့ဂျင်လေးကအနေအေးပါတယ် သားကိုစိတ်အနှောင့်အယှက်ပေးမှာမဟုတ်ပါဘူး"

"ဒီကောင့်ကိုအပေါ်ထပ်မှာထားရင်ကျွန်တော် အိမ်ပေါ်ကဆင်းမယ်"

ဟိုသားအမိနှစ်ယောက်ကလဲအလွယ်တကူလက်ခံပါသည်။ဟိုပိုင်းလုံးမက သူ့သားကိုအစေခံအခန်းမှာထားတာ တခွန်းမှအထွန့်မတက်ပဲအလွယ်တကူလက်ခံလိုက်သတတ်။

"ကင်ဆော့ဂျင် မင်းအိမ်မှာအလကားနေလို့ရမယ်မထင်နဲ့ နောက်နေ့ကစငါ့‌‌ ‌ေ၀ယျာဝစ္စတွေလုပ်ရမယ်"

"ငါ့အခိုင်းအစေလိုနေရမယ် နားလည်လား"

"ငါ့အခိုင်းအစေလိုနေရမယ် နားလည်လား"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"Nae"

ဒီလိုနှင့်နေလာလိုက်တာ ကျောင်းပိတ်ရက်နှစ်လကုန်လို့ကျောင်းတွေ ပြန်ဖွင့်ဖို့နီးလာပြီ

နမ်ဂျွန်းလဲအထက်တန်းဒုတိယနှစ်ရောက်မှာမို့ပျော်နေမိသည် နမ်ဂျွန်းအရင်တည်းက  အိမ်တွင်နေရသည်ထက်ကျောင်းတွင်နေရသည်ကိုပိုပျော်မိသည် သူငယ်ချင်းများနှင့်အတူတူပွေးရသည်က ကျောင်းသားဘ၀ရဲ့အနှစ်ပင် သူ၏ဆိုးဖော်ဆိုးဖက်သူငယ်ချင်းများကိုလွမ်းသည် သူတို့အားလုံးက ကိုရီးယားထိပ်တန်း corporations များရဲ့မျိုးဆက်များဖြစ်ကြသည်။

The Other Side of UsWhere stories live. Discover now