Tae ခေါ်လို့ Taeအမနဲ့သူ့ကောင်လေးတို့တလပြည့် anni ကိုလိုက်သွားတော့ လုံး၀မထင်မှတ်ထားတဲ့လူနဲ့တွေ့ခဲ့ရသည့် မနေ့ညက ကိစ္စကိုအခုထိတွေးမိနေတုန်း
အခန်းထဲ၀င်လာပြီးတွေ့လိုက်ရသော မြင်ကွင်းကတော့သိပ်မကောင်းလှ ထယ်ယွန်းတက်ထိုင်နေသောကောင်လေးကိုနှုတ်ဆက်ရန်ကြည့်လိုက်တော့ ကိုယ့်မျက်လုံးအစုံပင်ပြူးသွားရသည်
Kook မှ Kook အစစ်ပါလေ သူနှုတ်ဆက်လိုက်တော့ ထယ်ယွန်းကပြန်ပြုံးပြပြီး Kook ကတော့ ခန့်မှန်းရခက်သောမျက်လုံးအစုံတို့နှင့်သာသူ့ကိုပြန်ကြည့်နေခဲ့သည် အခုထိရင်တွေနာနေတုန်း Kook နှင့်တွေ့လျှင်ထိန်းချူပ်ရခက်ခက်လာသာ သူ့ရန်ခုန်သံတွေကိုလဲသူမုန်းမိသည်။ လူရှေ့သူရှေ့မရှောင်ချစ်ပြနေသော အချစ်ငှက်နှစ်ကောင် ကိုအကြည့်ခွာကာ Tae လက်ကိုသာတင်းတင်းဆုပ်ထားမိတော့သည်၊၊ ခုတော့လည်းသူတို့အဖြစ်ကသက်ဆိုင်သူအသီးသီးနှင့် ..
မလွတ်လပ်ကြတဲ့သံယောဇဥ်တွေနဲ့ဟိုးတုန်းထဲကတို့နှစ်ယောက်စလုံးမှာဆိုင်သူတွေရှိပြီးသာပဲ အစတည်းကမင်းမုန်းရင်ပြီးရောပေါ့အချစ်ရယ် 😭😭😭 သြော်ငါ့နှယ် ယောင်နေပြန်ဘီ ကဲကဲ Fic ကိုပြန်သွားမယ်....🌚🌚
ကျောင်းရှေ့တွင်အရင်ရောက်နှင့်နေပြီး နံရံကိုမှီ၍ရပ်နေကာသူ့ကိုစောင့်နေသော သူချစ်ရသူ Taeကို ဆော့ဂျင် ပြန်လက်ပြကာ ရယ်ပြရင်း ဘေးချင်းယှဥ်ကာကျောင်းထဲလမ်းလျှောက်လာလိုက်သည်
ဒါကသူတို့အတွဲရဲ့ နေ့စဥ် ကျောင်းဖွင့်ရက်တိုင်းလုပ်နေကြ ဝတ္တရားတစ်ခု၊ အရင်ရောက်နှင့်သူကစောင့်သည် နှစ်ယောက်ဆုံလျှင်တော့ ကျောင်းထဲဘေးချင်းယှဥ်လျှောက်သွားကြသည်၊၊ မနက်ကျောင်းသွားလျှင်သူ့ကိုစောင့်နေပေးသူရှိသည်ဆိုသောအသိကဆော့ဂျင်ကိုနွေးထွေးစေပါသည်၊၊ Taeကဆော့ဂျင်ရဲ့ ကမ္ဘာကြီးကိုပြည့်စုံစေမယ့်သူဟု ယုံကြည်ထားချင်မိသည်၊၊
'ကိုယ့်ကိုနမ်း'
'ဟင် လျှောက်လမ်းကြီးမှာ Taeကလဲ'
'ဘယ်သူမှမရှိပါဘူး Jin လေးရဲ့'
'ဟင့် ပြီးရော' ဆိုကာ Taeပါးလေးကို ရွှတ်ခနဲနမ်းကာ လက်တွဲလမ်းလျှောက်လာကြသောချစ်သူနှစ်ဦး

YOU ARE READING
The Other Side of Us
Hayran Kurguမင်းကိုမုန်းတာထက်ပိုတယ် ရွံတယ် မင်းဘ၀ကိုငါနင်းခြေ ပြမယ် ပိုမုန်းတာကမင်းကိုချစ်မိသွားတဲ့ငါ့ကိုယ်ငါပဲ Kim Namjoon ငါတကယ်ချစ်နေတာဘယ်သူလဲ ငါ....ငါ..... Kim Seok Jin သနားတာကသနားတာပဲ အချစ်မှမဟုတ်တာ စာနာသနားတဲ့စိတ်ကိုအချစ်လို့မထင်ဘူး Jeon Jung Kook ဘယ်လိ...