ကျောင်းကအပြန်အိမ်ရောက်သော်
ဒုန်း
အိမ်ပြန်ရောက်ရောက်ချင်းနမ်ဂျွန်းဒေါသတကြီးအခန်းတံခါးကိုပိတ်ချလိုက်ပြီးကုတင်ပေါ်ထိုင်နေမိတယ်
*ငါဘာလို့ဒေါသတွေထွက်နေတာလဲ ငါဘာလို့ Kim Tae Hyung ကိုထိုးလိုက်မိတာလဲ အမှန်ဆိုသူ့အမကိုငါသဘောကျလို့သူ့ကိုတောင်အမြဲလိုက်ရောနေတာမဟုတ်ဘူးလား Kim Tae Hyung ကကော Kim Seok Jin ကိုဘာကြည့်ပြီးကြိုက်တာလဲ ယောကျ်ားအချင်းချင်းကိုရွံစရာကြီးကွာ ပြောသာပြောရတယ် အနှီထို Kim Seok Jin ကမိန်းကလေးတွေထက်တောင်ပိုလှတာကိုတော့လက်ခံရမယ် စရောက်တုန်းကပိန်လိန်ခြောက်ကပ်နေသော်လည်းယခုပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်လာတော့သူ့အလှကထင်ပေါ်လာသည် ယောကျ်ားလေးမိန်းကလေးတိုင်း လည်ပြန်ကြည့်ချင်စရာကောင်းသောအလှမျိုး နေပါဦး နေပါဦးKim Seok Jin ကကောဘာလို့နမ်းတာကိုငြိမ်ခံနေရတာလဲ ဟမ်*
'ဟာကျစ် စိတ်ရှုပ်လိုက်တာ တောက်'
'သခင်လေးရေနွေးစပ်ပေးမလို့၀င်လာမယ်နော်'
ကုပ်ကုပ်လေး၀င်လာသောဆော့ဂျင်ကိုနမ်ဂျွန်းအားနဲ့ဆွဲယူပြီးနံရံကိုကပ်လိုက်ကာ လက်တဖက်ကလည်ပင်းကိုညှစ်ထားလိုက်သည်
'အစ် အစ် ... သခင်လေးဘာ... ဘာ...လုပ်တာလဲ'
ဆော့ဂျင်လည်ပင်းကိုညှစ်ထားသောနမ်ဂျွန်းလက်ကအကြောပြိုင်းပြိုင်းထနေသည်
ဆော့ဂျင်မျက်နှာတွေရဲလာပြီးကြောက်၍တကိုယ်လုံးတုန်လာပြီးအသက်ရှုမရတော့ပုံပေါက်လာမှနမ်ဂျွန်းလက်ကိုဖြေပေးလိုက်သည် မျက်နှာနှစ်ခုကတော့နီးကပ်နေပြီးတယောက်နဲ့တယောက်အသက်ရှုသံများပင်ကြားနေရသည် လည်ပင်းညှစ်ခံထားရ၍အသက်ကိုမနည်းရှုနေရသောဆော့ဂျင်သာမကနမ်ဂျွန်းပါအသက်ရှုသံများမြန်နေကြသည်ကိုတော့နှစ်ယောက်လုံးသတိမထားမိကြ။
'မင်းကအခြောက်လား'
အထင်သေးရွံရှာစွာမေးလာတဲ့သခင်လေးကိုဆော့ဂျင်ဆက်မကြည့်ချင်တော့ မျက်နှာလွှဲကာ
'ကျွန်တော်ယောကျ်ားလေးတိုင်းကိုမကြိုက်ပါဘူး Tae တယောက်တည်းကိုပဲချစ်မိသွားတာပါ'

YOU ARE READING
The Other Side of Us
Fiksi Penggemarမင်းကိုမုန်းတာထက်ပိုတယ် ရွံတယ် မင်းဘ၀ကိုငါနင်းခြေ ပြမယ် ပိုမုန်းတာကမင်းကိုချစ်မိသွားတဲ့ငါ့ကိုယ်ငါပဲ Kim Namjoon ငါတကယ်ချစ်နေတာဘယ်သူလဲ ငါ....ငါ..... Kim Seok Jin သနားတာကသနားတာပဲ အချစ်မှမဟုတ်တာ စာနာသနားတဲ့စိတ်ကိုအချစ်လို့မထင်ဘူး Jeon Jung Kook ဘယ်လိ...