20

1.7K 141 35
                                        

Warning: If you are sensitive to the topic of rape, please skip this chapter.

ဆော့ဂျင်မျက်လုံးများကိုအားယူကာဖွင့်ကြည့်လိုက်သည်။ ဘာမှမမြင်ရ အမှောင်ထုကသာကြီးစိုးဆဲဖြစ်သည်။ ခန္ဓာကိုယ်ကိုအားယူကာ ထဖို့ပြင်လိုက်သည် ထိုအခါမှသူသတိထားမိတာ သူ့လက်နှစ်ဖက်ကပူး၍အချည်ခံထားရပြီး သူ့မျက်လုံးကိုလဲစည်းနှောင်ခြင်းခံထားရသည်  သူဟိုဖက်ဒီဖက်လူးလွန့်ကြည့်လိုက်တော့  ဝုန်းကနဲမြည်သံကိုတဆက်တည်းကြားရပြီး သူ့ခန္ဓာကိုယ်ကနာကျင်မှုကိုခံစားလိုက်ရ၏

'အားသေပါပြီ ကျွတ်ကျွတ်ကျွတ်'

သူခုတင်ကနေကြမ်းပြင်ပေါ်သို့ပြုတ်ကျလာခြင်းဖြစ်မည် ဒါဆိုသူခုနကကုတင်ပေါ်မှာပေါ့  ဒါကအခန်းတခန်းတခန်းလား ဘယ်သူ့အခန်းလဲ သူ့ခေါင်းထဲမနေ့ညကအဖြစ်အပျက် ရုပ်ရှင်အနှေးပြကွက်လိုပေါ်လာသည် အခုကဘယ်အချိန်ရှိနေပြီလဲ မနက်လားနေ့လည်လားညနေလား ဆော့ဂျင် ဘေးပတ်ဝန်းကျင်မှအသံများကိုနားစိုက်ထောင်လိုက်သည်။ အပ်ကျသံမျှပင်မကြားရလောက်အောင်အရာရာသည်တိတ်ဆိတ်ငြိမ်သက်လျှက်

ဆော့ဂျင်ထကာ စမ်းတဝါးဝါးဖြင့်တံခါးပေါက်ကိုလက်ဖြင့်စမ်းရှာမိသည် လက်နှစ်ဖက်လုံးကလည်းပူးအချည်ခံထားရသောကြောင့်ထင်သလောက်ခရီးမပေါက်  ပါးစပ်မှလဲအော်ဟစ်ကာသွေးရူးသွေးတန်းအကူအညီတောင်းနေမိသည်

'အပြင်မှာဘယ်သူရှိလဲ  တယောက်ယောက်ကူညီကြပါဦး'

ဆော့ဂျင်တံခါးလက်ကိုင်ကိုစမ်းမိတော့ဖွင့်ကြည့်လိုက်သည်။ အဆင်မပြေ၊အပြင်မှသော့ခတ်ထားခြင်းဖြစ်မည် တံခါးကိုထုရိုက်ကာအတော်ကြာကြာအော်ငိုမိသည် ဆော့ဂျင်ဘဝတွင်ဒီလောက်ဆိုးဝါးသောကြောက်စိတ်မျိုးမဝင်ဖူးခဲ့

တတ်နိုင်သမျှကိုယ်ကိုကျုံ့ကာ ကြမ်းပြင်ပေါ်အရုပ်ကြိုးပြတ်ထိုင်ချမိသည်

ကျွီ~~~

တံခါးဖွင့်သံကြားလိုက်တာနဲ့သူ့ခန္ဓာကိုယ်မှာတုန်တက်သွားသည် ဒူးနှစ်ဖက်ကိုပိုက်ကာခေါင်းကိုငိုက်စိုက်ချလိုက်သည်။

'ခင်ဗျား ခင်ဗျား ကျွန်တော့ကိုဘာလို့ဒီလိုလုပ်ရတာလဲ'

'........'

The Other Side of UsWhere stories live. Discover now