24

1.5K 138 52
                                    

Present Time, one week after Jin was kidnapped

ဂျင်ပျောက်နေတာတပတ်တိတိရှိပြီ ဂျောင်ကုမှာထိုင်မရထမရ စာထဲလဲအာရုံမစိုက်နိုင် ဂျင့်ကိုပြန်တွေ့ဖို့သူတို့အားလုံးလက်လှမ်းမီရာအကုန်လိုက်လုပ်နေပေမယ့် ဂျင်ကတော့ပျောက်ချင်းမလှပျောက်နေဆဲ ရဲဘက်ကလဲဘာသတင်းမှမကြားရသေး ဆိုရှယ်မီဒီယာမှာလဲသတင်းမထူး ကိုယ့်အနားမှာရှိနေတုန်းကတန်ဖိုးမထားမိခဲ့ နောင်တဆိုတာကလည်းနောင်မှရတတ်သည့်အမျိုး

သူရည်ရွယ်ချက်နဲ့ချဥ်းကပ်ခဲ့တဲ့ဒီကောင်လေးကိုသူဒီလောက်ထိချစ်မိသွားမယ်မှန်းသူ့ကိုယ်သူလဲကြိုမခန့်မှန်းနိုင်ခဲ့ ဦးနှောက်ကအကွက်ချပြီးစီစဥ်ထားသော်လည်းနှလုံးသားလေးကခံစားချက်တွေပေါက်ဖွားလာတော့ အကုန်ကမောက်ကမတွေဖြစ်ကုန်ရသည်။

သူမုန်းတဲ့ ကင်နမ်ဂျွန်းချစ်ရတဲ့ဂျင့်ကိုဖျက်စီးဖို့ ရည်ရွယ်ခဲ့ပေမယ့် ဟန်မြစ်ဘေးနား သူ့နှုတ်ခမ်းလေးနဲ့ထိတွေ့လိုက်တဲ့အချိန်ကစ အချိန်တွေခဏရပ်တန့်ပြီး အရာရာကိုမေ့သွားသလိုပင် ဒီအချိန်မှာ ကင်နမ်ဂျွန်းကိုလက်စာချေချင်တဲ့စိတ်ကော အချစ်ဦးကောင်မလေးကိုလွမ်းဆွတ်တမ်းတသည့်စိတ်ကောကြက်ပျောက်ငှက်ပျောက် ပျောက်လျှက်။ သူ့စိတ်အစဥ်မှာစိုးမိုးထားတာက ကင်ဆော့ဂျင်ဆိုတဲ့လူသားလေး ဖြစ်နိုင်ရင်ဂျင့်နေရာမှာသူပဲ၀င်အဖမ်းခံလိုက်ချင်သည် *အစာကောကောင်းကောင်းစားနေရရဲ့လား ပိန်သွားမှာပဲ ပါးဖောင်းဖောင်းလေးတွေကော ရှိသေးရဲ့လား

  ယခုလဲ သူတို့လေးယောက် ကော်ဖီဆိုင်မှာ ဂျင့်အကြောင်းဆွေးနွေးရန်ချိန်းဆိုထားကြခြင်းဖြစ်သည်

တခြားသူတွေမှာသတင်းထူးတခုခုပါလာကောင်းပါရဲ့*

JK-" ထယ်ယောင်း ဂျင့်သတင်းဘာထူး‌သေးလဲ"

TH-"အင်းမကြားသေးဘူး ခုထိ တပတ် တောင်ရှိနေပြီကွာ ဟူး"

JM- မင်းတို့ကိုကြည့်ရတာလဲ အားမရဘူး ပိန်ခြောက်နေပြီ မအိပ်မစားကြဘူးလား Jinကိုရှာဖို့ငါတို့အားရှိနေမှဖြစ်မှာလေ။

JK-မအိပ်နိုင်ပါဘူးကွာ သူကော ကောင်းကောင်း စားကောင်းကောင်းအိပ်နေနိုင်ပါ့မလား တွေးလိုက်ရုံနဲ့မအိပ်နိုင်ပါဘူးကွာ

The Other Side of UsWhere stories live. Discover now