Episode : 4

1.6K 202 25
                                    

UNICODE

"ပတ်ဂျီမင်!"

အဖေသည် ဧည့်ခန်းအတွင်း အခန့်သားနှင့်
သတင်း‌ကောင်းများဖြင့်သာ ဂုဏ်သတင်းမွှေးတဲ့
ရှေ့နေ့တစ်ယောက်ဆိုသည့် ဂုဏ်ပုဒ်နဲ့အညီ
ခန့်ခန့်ညားညား တည်တည်ကြည်ကြည်
ရှိလှသည်။ ဒါပေမဲ့ ဒါဟာ အပေါ်ယံအလွှာပါးလေး
တစ်ချက်ဘဲ...။

အာဏာအပြည့်မာန်အပြည့်နှင့်‌
အဖေ့ ရဲ့ ပြတ်သားခပ်ထန်ထန်လှတဲ့ ခေါ်သံဟာ တရားခွင်မှာ တရားခံကို အမှု့စစ်သည်ထပ်
ပြင်းထန်တည်ကြည်လွန်းတယ်။

ဖီဆန်ချင်တဲ့အသိတွေနဲ့သူကျောခိုင်းထားဆဲ။
မှားခဲ့တဲ့ဆုတောင်းတွေဟာ သူ့ဘဝအတွက်
မကျေနိုင်ခဲ့တဲ့ဝဋ်တွေ။

"ပြန်လာပုံထောက်ရင် မင်း ဒီနေရာကို
အိမ်လို့သဘောထားသေးတဲ့ပုံဘဲ"

ခပ်ထေ့ထေ့အပြုံးတွေ အသက်ဝင်လာတဲ့အချိန်
ထုံထိုင်းနေတဲ့စိတ်တွေဟာ လွတ်လပ်ခြင်းကို
ဆာလောင်ငတ်မွတ်တတ်တယ်။ ပျံသန်းပစ်ချင်တဲ့ အိမ်မက်တွေဟာလည်း လက်တစ်ကမ်းမှာ
လှလှပပဘဲ။

"ကလေကချေကောင် တောက်!"

အဖေ့ရဲ့တောက်ခေါက်သံဟာ သားအဖ
နှစ်ယောက်ထဲနေတဲ့ ထိုအိမ်ကြီးထဲအဖို့
ကျယ်ကျယ်လောင်လောင်။

မချစ်ချင်ခဲ့တဲ့ အဖေ့မျက်နှာကိုစေ့စေ့ကြည့်ရင်း
ဟာသတစ်ပုဒ်လို သူအားရပါးရရီမောလိုက်ကာ

"အနည်းဆုံးတော့ ကလေကချေကောင်မှာ
ကြီးကျယ်မြင့်မြတ်လွန်းတဲ့ ဒီလိုအဖေ
ရှိ‌နေသေးတာဘဲ"

တစ်စွန်းတစ်စကျနေတဲ့ နေရောင်ခြည်တွေဟာ
အိမ်တွင်းကလေထုကို နွေးထွေးစေဖို့မတတ်နိုင်ခဲ့။
နွေးထွေးဖို့လည်း ဘယ်တုံးကမှမကြိုးစားခဲ့ဖူးပါဘူး

အဖေရဲ့ဒေါသတွေသည် အရှိန်ပြင်းပြင်း နှင့်
တိုက်စားတောက်လောင်နေကြောင့်
သူ့မျက်လုံးတွေက သက်သေ။ တစ်ဆက်တည်း
ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတဲ့
အကြည့်တွေနဲ့ သူတို့ဟာ စကားတွေပြောနေခဲ့ကြ
သလား...ဘယ်သူသိနိုင်မှာလဲ?

"ကောင်းကောင်းသွားပါအဖေ"

အလုပ်သွားခါနီး သူတစ်ပါးရဲ့မနက်ခင်းလေးကို
ဖျက်စီးပစ်ရတာ သိပ်အရသာရှိလွန်းတာဘဲ...။

RIDE OR DIE [ hiatus ]Where stories live. Discover now