UNICODE
လိမ္မော်ရောင်ပြေပြေယှက်ပြေးခြယ်မှုန်းထားသော
တိမ်တိုက်တို့ဖြင့် လှချင်တိုင်းလှနေသော
ကောင်းကင်နုနု။ အေးမြတဲ့လေထု နဲ့ မြေသင်းနံ့
ခပ်သင်းသင်းကလည်း နှလုံးသားထဲကို စီးဆင်းပျော်ဝင်တယ်။ ဒါတွေက အလှတရား~ဂျီမင်တစ်ယောက် တွေတွေဝေဝေဖြင့်
ဘေးဘီဝဲယာကိုကြည့်ပြန်တော့လဲမျက်စိတစ်ဆုံး အဆုံးမရှိလှသော ပန်းခင်းလို့ဘဲဆိုရမလား
ဝါဖန့်ဖန့်ပန်းအဝါလေးတွေနှင့်ပြည့်နေတဲ့
ကွင်းပြင်ကြီး အလယ်မှာ သူတစ်ယောက်ထဲသာ ~သို့သော် သူနဲ့မနီးမဝေးမှာကား အိမ်လေးတစ်လုံး။ မလှမ်းမကမ်းမှာလှမ်းမြင်နေရသည့်တောင်ကုန်း
ခပ်မို့မို့လေးပေါ်က နီညိုရောင်
အုပ်ကြွပ်လေးတွေမိုးထားတဲ့ အညိုရောင်အိမ်လေးတစ်လုံးဟာ နေချင်စဖွယ်အတိရှိလှသည်။အသက်ရှုချောင်လှသော ပတ်၀န်းကျင်နှင့်အတူ
လိပ်ပြာငယ်လေးများက ဝေ့ဝဲကာ ပျံသန်းနေကြသေးသည်။ အပူအပင်ဆိုသည်မှာလည်း မရှိ။ အင်မတန်မှ နှစ်လိုဖွယ်ရာကောင်းပြီးလှပလွန်းပါသည်။ ဒါဘယ်လိုနေရာမျိုးလဲ...ပန်းလေးတစ်ပွင့်ကိုခူးယူရင်း
တယုတယနမ်းရှိုက်ကြည့်လိုက်တော့
ပွင့်ဖတ်အနည်းငယ်ဟာ ကြွေကျသွားသည်
နောက်ပြီး ရနံ့ကမရှိ ။ နူးနူးညံ့ညံ့ဤပန်းလေး
တန်းသိမိလိုက်သည်က"ဟင်~ ဒါ Dandelion တွေဘဲ"
ပုံမှန်ဆို လမ်းမှာ အလေ့ကျပေါက်နေတဲ့
သုံးလေးပွင့်လောက်သာရှိတဲ့Dandelionတွေကိုမြင်ဖူးခဲ့ပေမဲ့ ဒီလောက်အများကြီးမမြင်ဖူးခဲ့တာ အမှန်ပင်။Dandelion တွေက လှတယ်
နူးညံ့တယ် ဘ၀လိုဘဲ ဖြစ်ပျက်မှု့တွေက
တိုတောင်းမြန်ဆန်လှတယ်
နေရာတိုင်းမှာ ရှာတွေ့နိုင်တာမို့
နင်းခြေခံရလို့ စုတ်ပြတ်ကြေမွသွားလဲ
ဂရုစိုက်စိတ်ပူမဲ့သူရှိမှာ မဟုတ်ဘူး~ဒါသူ့ဘ၀လိုဘဲ~
ဒါပေမဲ့ ဂျီမင်မေ့နေခဲ့သည်က သူသာ Dandelionလေးဖြစ်မယ်ဆိုလျှင်
တစ်စုံတစ်ယောက်အတွက်တော့ တန်ဖိုးရှိလှတဲ့
ဖြစ်တည်မှု့ အဓိပ္ပာယ်လေးဖြစ်နေနိုင်တယ်
ဆိုတာပါဘဲ။
![](https://img.wattpad.com/cover/259247653-288-k729175.jpg)
BẠN ĐANG ĐỌC
RIDE OR DIE [ hiatus ]
FanfictionUNICODE: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။ ZAWGYI: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။