UNICODE
"ဟဲ...လို~~"
ရာသီဥတုကအေးစိမ့်စိမ့်ရှိတာမို့ စောင်ကို
ခေါင်းထိလုံအောင်ဆွဲခြုံလိုက်မိသည်။ အိပ်ရေးမ၀သေး၍ မျက်စိမှိတ်လျှက်သားဖြင့်သာ
အိပ်ယာပေါ်လူးလှိမ့်ရင်း ဖြေနေသော
ဂျောင်ကုအသံမှာ လေးလုံးပင်မကွဲ။"အွန်း မောင် နိုးပြီလား"
"နိုးပြီ အချစ်..."
"ဘယ်ကောင်လဲ အချစ် က"
တစ်ဖက်ကလေသံကြောင့် ခုထိသေချာဖွင့်မရ
နိုင်သေးသောမျက်လုံးတို့သည် လှစ်ခနဲဆိုသလိုပင် ပြူးကြောင်သွားရတော့သည်။ ရင်ထဲလဲဒိန်းခနဲမို့ ငုတ်တုတ်ထထိုင်ပြီးသား အခြေအနေတွင်ဖြစ်သည်။"အာ မဟုတ်ဘူးလေ သည်းငယ်ကလဲ
မနောက်ပါနဲ့""မနောက်ပါဘူး ဘယ်ကဇယားတွေနဲ့
လာမှားနေတာလဲလို့ ဂျွန်ဂျောင်ကု မောင်နော်
ပတ်ဂျီမင်က ဘာကောင်လဲဆိုတာသိသွားမယ်
တစ်ခုခုလုပ်လို့ကတော့ နည်းလမ်းပေါင်း ၁၀၀၀ လောက် နဲ့ ရှာပြပြီး အသေကျွေးမှာနော်""ဟျောင့် သည်းငယ် မင်းကလည်း
ဘယ်ကဇယားတွေကမှာတုံး အရင်ကလဲမရှိခဲ့သလို အရင်ရက်တွေကလည်း အိမ်ထဲဘဲနေနေ
ရလို့ သူဘဲလာလာပြုစုနေပြီး ဖြစ်မဲ့ဖြစ်အဲ့ဇယားက ပတ်ဂျီမင်ဘဲနေမှာပေါ့""မသိဘူး"
ဟော ကြည့် စောစောစီးစီး ရစ်ပြီး
စိတ်ကောက်ဖို့ ဖုန်းဆက်သလားတောင်
မှတ်ရမယ်။မသိဘူးဆိုတာ သူ့ရဲ့လက်သုံးစကား။
တစ်ခုခုဆို သူကိုယ်သူတောင် သူဘာဖြစ်နေမှန်းမသိတာ ကိုယ်က ဘယ်သိမှာလဲ။ အဲ့မသိဘူးဆိုရင်
လည်း မသိရမလားဆိုပြီး စိတ်ကောက်သေးတာဗျာ
အဲ့ ပတ်ဂျီမင်းလေးက။တွဲတာ ၃ပတ်ပင်မပြည့်သေးသော်ညားလဲ
ထိုကောင်လေးက တစ်ရက်ထပ် တစ်ရက်
ပို၍သူ့စိတ်အမှန်ကို အဘက်ဘက်ကနေ
ဖွင့်လှစ်ချပြသည်။ အစက ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ဖြစ်မည်ထင်ခဲ့သော ကျွန်တော့်အတွေးတို့က သွက်သွက်ခါ မှားခဲ့သည်။ နောက်
တစ်ဖန် နူးနူးညံ့ညံ့ အေးအေးဆေးဆေး နှင့်
စိတ်၏ငြိမ်းချမ်းရာလေးတစ်ခုဖြစ်မည်ထင်ခဲ့သော အတွေးတို့သည်လည်း သွေးထွက်အောင်
မမှန်ဘူး မှားပြန်တာဘဲ။ ကောင်လေးရဲ့ အကျင့်က
ကိုယ်နဲ့ ထူးမခြားနား ချစ်တဲ့သူအပေါ်ဆို
ဆိုးချင်သည်။ရစ်ချင်သည်။ တကယ်အဆိုးလေး။
ဘယ်သူ့ပေါ်မှကို မပြုမှုတတ်သော ဒီအကျင့်လေးက ကိုယ့်အတွက် သီးသီးသန့်သန့်တည်ရှိသည်။
ဘာဘဲဖြစ်ဖြစ် သူချစ်လို့ဆိုးတာဘဲဆိုးပါစေ။
VOCÊ ESTÁ LENDO
RIDE OR DIE [ hiatus ]
FanficUNICODE: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။ ZAWGYI: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။