UNICODE
ဗြုန်းစားကြီးအခြေအနေအတွေက
တမဟုတ်ခြင်းပြောင်းလဲသွားသည်မို့
အခန်းထဲကလေထုက
တည်ငြိမ်သယောင်ဆောင်ကာ
လေပြေသွေးနေသည်။လက်ရဲဇက်ရဲရှိလှပါသည်ဆိုတဲ့ဂျောင်ကုလည်း ခဏတာတော့အနေရခက်နေခဲ့သည်။
အဆိုးအစွာလေးပါဆိုသည့်
ဂျီမင်ခမျာလည်းရှက်သွေးဖြာနေခဲ့သည်။ဒါပေမဲ့လည်း ဤပန်းရောင်လေပြေသွေး
နေခဲ့သောအခြေအနေကို စတင်ဖြိုခွင်းသူမှာ
ဂျောင်ကုပင်။"အဲ့တော့ဂျီမင်က
အလုပ်ပြန်မသွားတော့ဘူးပေါ့""umm...မသွားတော့ဘူးလေ"
"ဂန်ဂျီဟွန်းဆီသွားခဲ့သေးတာမှတ်လား
ဘာလို့သွားရတာလဲ အန္တရာယ်များကများနဲ့
ဂျီမင်သာတစ်ခုခုထပ်ဖြစ်ရင် တစ်ပူပေါ်နှစ်ပူဆင့်ပြီး ကိုယ်သေတာကိုမြင်ချင်လို့လား""မဖြစ်လို့ဘဲ ငါမင်းရှေ့ကိုရောက်နေပြီဘဲကို...
နောက်ပြီးငါမသွားလို့မဖြစ်ဘူး
ဂျောင်ကု ရှင်းစရာရှိတဲ့ကိစ္စတွေရှင်းပြီး
အပြတ်ဖြတ်ဖို့အချိန်တန်လာပြီလေ""ဘာဘဲဖြစ်ဖြစ် ဂျီမင့်ရှေ့မှာ
ကိုယ်တစ်ယောက်လုံးရှိတာမို့
အရာရာတိုင်းကိုကာကွယ်ပေးမှာ""လူကြည့်တော့ဆေးရုံပေါ်မှာ
အဲ့တာကိုကာကွယ်ချင်နေသေးတယ်....
အခုတော့နေကောင်းအောင်အရင်လုပ်
အရူးရဲ့"လှဲလျောင်းနေတဲ့ဂျောင်ကုရဲ့ပါးလေးကို
ခပ်ဖွဖွဆွဲကာ စိတ်လိုလက်ရရီမောကာပြောမိတော့ ဂျောင်ကုက ရှုပ်ပွပွဆံပင်လေးတွေအောက်ကနေ ကြည့်ကောင်းလောက်အောင် ကျွန်တော့်မျက်နှာကို ရွှန်းရွှန်းစားစားကြည့်နေတဲ့ သူ့မျက်လုံးတွေက
နဂိုထပ်ပင်ပိုမိုတောက်ပလို့နေသည်။"မောင်လို့ခေါ်~"
ဂျောင်ကုကြောင့် ကုတင်ပေါ်မှာလှဲနေရမည့်
သူက သူကိုယ်တိုင်ဖြစ်တော့မယ်ထင်တယ်...။
ရင်ဘတ်ထဲအေးခနဲ နှင့် ရင်ခုန်သံတွေက ဖရိုဖရဲ
အပြင်ကသူ့ပိုင်ရှင်သခင် ဂျောင်ကုကြားသွား
မလားပင်မှတ်ရအောင် ဆူဆူညံညံနဲ့ပင်
အော်ဟစ်နေကြသလို။
ESTÁS LEYENDO
RIDE OR DIE [ hiatus ]
FanficUNICODE: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။ ZAWGYI: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။