Episode : 10

1.2K 150 14
                                    

UNICODE

ပွင့်ကျလာသော မျက်လုံးအစုံတို့နှင့်အတူ
ခေါင်းတို့ဟာ မူးဝေနောက်ကျိနေလေရဲ့...
နှာခေါင်းထဲကိုလဲ ပိုးသတ်ဆေးနံ့တို့ကခပ်သဲ့သဲ့တိုး၀င်လာသည်။ လက်ဖျံမှာလည်းဆေးပိုက်တန်းလန်း နှင့် နောက်ပြီး ထုံဆေးကပြယ်စပြုလာပြီမို့
ဗိုက်ကဒဏ်ရာမှာ တဆစ် ဆစ် နှင့် နာကျင်လာတာကြောင့် သူအသံပင် ထွက်အောင်ညီးတွားမိလိုက်
သည်။

ဂျောင်ကုသတိရလာသည်ကိုတွေ့တော့
ယွန်းဂီ နှင့် မင်ဂျူက ပြာပြာသလဲအနားလာကာ
လက်နှစ်ဖက်ကိုတစ်ယောက်တစ်ဖက်
ဆုပ်ကိုင်လာလေတယ်။

ဆေးတွေကြောင့်ထင်ပါရဲ့အမြင်တွေက
ဝိုးတဝါးပေမဲ့ ဟျောင်း နဲ့ နူးနားရဲ့မျက်နှာပေါ်က
စိုးရိမ်မှု့တွေ့ကို သူအထင်းသားမြင်နေရတယ်...
ဒါပေမဲ့ ငြိမ်သက်စွာဘဲ အသက်ငွေ့ငွေ့ကိုသာ
ရှူသွင်းနေမိလိုက်တယ်။

"အငယ်လေး သတိရလာပြီလား
အဆင်ပြေရဲ့လား နေလို့ရော...နေပါဦး
ဟျောင်း ဆရာဝန်သွားခေါ်လိုက်ဦးမယ်"

ချက်ချင်း တာဝန်ကျဆရာဝန်ကိုပြေးခေါ်ဖို့ ပြင်နေတဲ့ ယွန်းဂီ့လက်ကို မလွှတ်ပေးဘဲ ခပ်ဖွဖွသာ
ပြန်ဆွဲကိုင်ထားလိုက်တယ်။

"ရတယ် ဟျောင်း
ကျွန်တော်ခံနိုင်တယ် ဘာမှမဖြစ်ဘူး"

လေသံတစ်ဝက်ရောနေတဲ့ ရှတတ မှိန်းဖျော့ဖျော့
ထိုအသံက သူ့အကိုနှင့်အမကို အဆင်ပြေကြောင်းသက်သေမပြခဲ့နိုင်။

"ဘာကိုမဖြစ်ရမှာလဲ ဂျောင်ကု
နင်ငါ‌တို့ မောင်နှမ နှစ်ယောက်ကို
သေစေချင်တာလားဟေ"

ဂရုဏာဒေါသ နဲ့ ပြောလာတဲ့
နူးနားက ခဏနေတော့ မျက်လုံးထဲ မျက်ရည်
ကြည်တွေဝေ့ဝဲပြီး ကိုယ့်မျက်နှာလေးကို
အသာအယာကိုင်ကာ စေ့စေ့ကြည့်နေလေရဲ့။

အားနာလိုက်တာ တကယ်တောင်းပန်
ပါတယ်...သူ့ဘဝမှာ ကိုယ်ချစ်တဲ့သူတွေ
ကိုယ့်‌ကြောင့် စိတ်ဆင်းရဲနေရတာကို
မမြင်ချင်ဆုံးဘဲလေ...။

"ဟျောင်း ကျွန်တော်ဘယ်နေ့လောက်ဆို
ဆင်းလို့ရတယ်တဲ့လဲ"

"နောက်၄ရက်လောက်ဆို
ဆင်းလို့ရတယ်တဲ့ ဒဏ်ရာတော့
သေချာဂရုစိုက်ရမှာပေါ့ "

RIDE OR DIE [ hiatus ]Where stories live. Discover now