Episode : 20

679 75 11
                                    

UNICODE

အခန်းတွင်းရှိ တစ်လုံးထဲသော မီးသီး အဖြူရောင်လေးသည် ရေးဖျော့စွာ ထွန်းလင်းနိုင်သလောက် အစွမ်းကုန် အလင်းဆောင်နေသည်။ လေသည်လည်း၀င်စရာ ပြူတင်းပေါက်ရယ်လို့ ရှိမနေခဲ့
သည်မို့ လုံလုံအိုက်အိုက်နှင့်ရယ်သာ။

အေးလွန့်လှတဲ့ ညိုညစ်ညစ်အုတ်နံရံအက်တွေဟာလည်း မှီထားတာကြာပြီဖြစ်သည့် ကျောပြင်ကြောင့် ခန္ဓာကိုယ်အပူငွေ့တွေမှတစ်ဆင့် နွေး‌ရေးရေးနိုင်နေပြီ။ မျက်ခွံလွှာတွေကို ပိတ်ထားကာ အတွေးတွေကိုလည်း ကန့်လန်ကာချထားမိသည်။ အချိန်နှင့်တစ်ပြေးညီ သိထားရတဲ့ သတင်းဂယက် များသည် ဖြေသာစရာ
ဘာအကြောင်းမှရှိမနေ။ အခုအချိန်တွင်စိတ်ပျက်သည်ထပ် စိတ်ပူနေမိသည်။

ဘာကိုမှတစ်ထစ်ချမှန်းဆထားလို့မရသည့် ပြဿနာတွေသည် တစ်စတစ်စ ရှင်းလင်းသွားသည့် ကြိုးထုံးတွေလား တစ်စတစ်စ ရှုပ်ထွေး လာသည့် ကြိုးစတွေလား။ ဝေခွဲနိုင်ခြင်းရှိဖို့ရာတောင် မရေရာခဲ့....။

"ဟေး ကောင်လေး"

ထိန်းသိမ်းရာအကျဉ်းခန်း၏အလယ်တွင်သေချာနေရာယူထားသော အသက်ကြီးပိုင်းယောင်္ကျားတစ်ဦးဆီမှ ထွက်ပေါ်လာသည်။

ငြိမ်သက်နေတဲ့ အမှောင်ထုထဲ ခေါ်သံတစ်စကြားရတာမို့ သူမျက်ခွံတွေကို ဖွင့်လှပ်လိုက်ပြီး
ထိုလူထံ ခေါင်းငဲ့ကာစောင်းကြည့်မိသည်။

‌"မင်းကိုကြည့်ရတာ နေ့နေ့ညည
တစ္ဆေတစ်ကောင်လိုဘဲ အဲ့နေရာကနေ
တစ်ဖဝါးမှမခွာတော့ဖူးလား"

အခန်းဖော်လို့ဘဲဆိုရမလား...
ပတ်၀န်းကျင်နေရာ နှင့် လိုက်ဖက်အောင်
မသုံးနှုန်းတတ်တော့။

အမြဲဦးစွာ သူ့ဘက်မှ စကားဦးသန်းသော်လည်း
ကိုယ်ဟာ သီးသီးသန့်သန့် နေတတ်တဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် ကိုယ့်အပူနှင့်ကိုယ်ကြောင့်
ခေါင်းငြိမ့်ခေါင်းခါကလွဲ ဘာမှမပြောဖြစ်။

"မင်းငါနဲ့အတူတူ ပဟေဠိလာဆက်မလား"

ပြန့်ကျဲနေသည့် ဂျစ်ဆောပဟေဠိ အပိုင်းအစတွေသည်သူ့ဘေးဘီတစ်ဝိုက် ကြမ်းပြင်ပေါ်မှာ
မွစာကြဲလို့။

RIDE OR DIE [ hiatus ]Where stories live. Discover now