UNICODE
ညအမှောင်ထုကို ထိုးနှက်နေသည့် မီးအလင်း
ရောင်တွေကိုယ်စီ နှင့်ဂျောင်ကုတို့3ယောက်၏
ကော့ညွတ်နေတဲ့ကား၃စီးဟာထည်ဝါလှတဲ့အရှိန်အဝါအပြည့်နှင့်ပင်အပြေးနှင်လာကြသည်။အရှိန်ပြင်းပြင်း အခက်အခဲမရှိ
ပေါ့ပေါ့ပါးပါးနှင့်ပင် ကားကိုဆွဲကွေ့လိုက်ရင်း
အချိုးကျကျ Drift တစ်ခုကိုဖန်တီးလိုက်တော့
ထို ဆူညံနေတဲ့ ပြိုင်ပွဲနေရာသည်
လက်ခုပ်သံ အော်ဟစ်အားပေးသံများကြောင့်
ပိုလို့ပင်အုံ့အုံ့သောင်းနင်းဖြစ်သွားရသည်။နေရာတစ်ခု နာမည်တစ်ခု ဆိုတာ လွယ်ကူကူနဲ့
ရှာယူထားရတာမှမဟုတ်တာ သူနဲ့ထိုက်တန်တဲ့
Skillတစ်ခုတော့ လိုတယ်မဟုတ်လား~တီးတိုးပြောနေတဲ့ လူတွေကပြောလို့ပြော
မျက်စိတစ်ဆုံးလိုက်ကြည့်တဲ့သူကကြည့်နှင့်
အာရုံအလုံးစုံက သူတို့ဆီမှာ။ ဒီ Ug Racing
လောကထဲမှာသူတို့က အကောင်းဆုံး Team
ဖြစ်တယ်ဆိုပြီးကျော်ကြားတာမို့ ရေပန်းစားတယ် လူစိတ်၀င်စားခံရခြင်းတယ်။
ပြီး အဓိကကတော့ သူပြန်ရောက်လာပြီ
ဖြစ်တာမို့လဲပါမည်။ ဘာတဲ့ သူတို့ပြောသလိုဆို"Street God JK" တဲ့လေ
ကားတံခါးအဖွင့် လေရဲ့အဝေ့မှာကျီစားခံရသည့်
ပြာလဲ့လဲ့ဆံပင်ဖျားတွေသည် မျက်နှာပေါ်ထပ်တွင် အပြေးအလွှား...ဆံပင်ကိုတစ်ချက်ပြုပြင်သပ်တင်လိုက်ယုံမျှနှင့်
ပြည့်စုံခြင်းဆိုတာဒါပါလားလို့မျက်ဝါးထင်စွာတွေ့
မြင်ရလိမ့်မည်...။ကားပေါ်ကခြေတစ်ဖက်ချပြီး
ဆင်းလိုက်ယုံမျှနှင့် လာမိတ်ဆက်သည့်ရောင်စုံ
လိပ်ပြာမလေးများမှာတဝဲလည်လည်။
သူဒီလိုနေ့မျိုးတွေနဲ့မထိတွေ့ခဲ့ရတာ
ဘယ်လောက်တောင်ကြာနေပြီလဲ...."Heyyy Jk "
"Oh...ဟေလီ long time no see "
ပြောပြောဆိုဆိုဖြင့် Jkခါးကိုဖက်ကာလာ
နှုတ်ဆက်သည့် ပါးချိုင့်ရေးရေး မျက်ဝန်းခပ်ကျဉ်းကျဉ်း နှင့် ဟေလီ ဟုခေါ်သော ထို kr-jpn စပ်
ကပြားမလေးမှာ ဂျောင်ကုရဲ့ ညို့ဓာတ်ထဲမှာပျော်
ဝင်နေတဲ့ သူတွေထဲကတစ်ဦးဖြစ်သည်။
YOU ARE READING
RIDE OR DIE [ hiatus ]
FanfictionUNICODE: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။ ZAWGYI: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။