Episode : 6

1.3K 177 23
                                    

UNICODE

ယွန်းဂီ အလုပ်တွေထဲခေါင်းနှစ်လို့ပြီးပြီမို့
အညောင်းပြေအညာပြေ ခြံထဲလမ်းခဏဆင်း
လျှောက်ဖို့ အောက်ထပ်သို့ဆင်းလာမိသည်။
ဧည့်ခန်းထဲက မီးလင်းနေတာမို့ ကြည့်မိတော့
မင်ဂျု...

ဒီကလေးမ မအိပ်သေးဖူးလား...

"မင်ဂျူ...မအိပ်သေးဖူးလား"

"ခဏနေ အိပ်တော့မှာ အငယ်လေးကို စောင့်နေလို့"

"ဟမ် ဒီကောင်လေး နေ့လည်က ပြန်လာတယ်
မဟုတ်ဘူးလား"

"အွန်း ဟုတ်တယ် နေ့လည်လောက်က အလောတကြီးပြန်လာပြီး ရေမိုးချိုး ပြန်ထွက်သွားတာဘဲ"

"အာ ဒီကောင်လေးကတော့ကွာ"

နာရီကိုလှမ်းကြည့်မိတော့
ည၁နာရီတောင်ထိုးခါနီးလို့နေပြီ။
နေ့တိုင်းအိမ်ပြန်မလာဘူးဆိုရင်တော့
မဟုတ်သေးဘူးလေ။

တိုက်တိုက်ဆိုင်ဆိုင် ခြံတွင်းသို့ချင်းနင်း၀င်
ရောက်လာသည့် ကားစက်သံဟာ ဂျောင်ကုဖြစ်
တယ်ဆိုတာအလိုအလျှောက်နားလည်လိုက်သည်။

"ဟော အိမ်ရှေ့မှာ ကားသံကြားတယ် ‌
ပြန်ရောက်လာပြီထင်တယ်"

အိမ်ထဲကို ဝင်ဝင်လာချင်း နှုတ်ခမ်းထောင့်မှာ
သွေးစအချို့ နှင့် မျက်ခုံးကွဲနေသည့် ကိုယ့်ကို
မြင်တော့ နူးနားဟာလန့်ဖြန့်သွားပုံရသည်။
ဟျောင်းမျက်နှာမှာလည်း
စိုးရိမ်မှု့တို့ဟာ အထင်းသား

စိတ်ပူခိုင်းမိစေပြန်ပြီ....

"ဟယ် ကောင်လေး ဘာတွေဖြစ်လာတာလဲ"

တကယ်လည်း ပြန်မဖြေချင်တာမို့ ဂျောင်ကု တစ်ယောက် နှုတ်သာဆိတ်နေမိသည်။ အိပ်ခန်း
ကိုသာ တန်းသွားဖို့ ဦးတည်တော့ နူးနားက
လက်တစ်ဖက်ကို ဆွဲထားလေတယ်။

"ပြောလေ"

သက်ပြင်းငွေ့ငွေ့ကိုသူခိုးချမိတယ်...။

"ဂျွန်ဂျောင်ကု မင်းရန်ဖြစ်လာပြန်ပြီလား
ဒီလောက်ပြောထားရဲ့သားနဲ့ကို မင်းက
ငါတို့ကို ရှိမနေဘူးလို့တောင်
သတ်မှတ်ထားတာလား"

"ဟျောင်း ကျွန်တော်တစ်ယောက်ထဲ
နေပါရစေဗျာ"

"မကြာခင်မှာ ငါမင်းကားသိမ်းရလိမ့်မယ်နော်!"

RIDE OR DIE [ hiatus ]Where stories live. Discover now