Episode : 15

805 99 16
                                    

UNICODE

"ဂျွန်း ‌ဂျောင်ကုသာ တစ်စုံတစ်ရာ ထပ်ထိခိုက်လာခဲ့သည်ရှိသော် ငါ ဘယ်သူ့ကိုမှ ညှာတာတော့မှာ
မဟုတ်ဘူး"

ယွန်းဂီ လှီးလက်စ Beef steak ပေါ်ကလက်တွေကို ရပ်တန့်လိုက်ကာ ‌မျက်နှာချင်းဆိုင်က
နမ်ဂျွန်းကို မမှိတ်မသုန်နှင့် ပြောလာလေသည်။

ဆံပင်နက်နက်တွေကို နဖူးတစ်ဝက်ဖော်ကာ
သေချာဖီးလိမ်းပုံသွင်းထားတာမို့ တွန့်ချိုးသွားတဲ့ မျက်ခုံးတွေကို နမ်ဂျွန်းအထင်းသားမြင်နေရတယ်...

"သူတို့ သတင်းအချက်အလက် သက်သေတွေက ချပြဖို့ တအားခက်လွန်းတာ မင်းလဲသိပါတယ်...
ဒါပေမဲ့ငါအတတ်နိုင်ဆုံး ကြိုးစားပေးနေပါတယ်"

"အင်း ငါနားလည်ပါတယ် ပိုဆိုးတာက
ဂျီမင့်အဖေ ရှေ့‌နေပတ်ဂျယ်ဘင်းပါ
ပါနေတယ်ဆိုတာဘဲ"

"သူကတော်သလောက် ဉာဏ်များတယ် ပိရိတယ်
အဲ့တာကြောင့်မို့လဲ ရှေ့နေလောကမှာ နာမည်
တစ်လုံးနဲ့နေတဲ့သူ့ကို ဂန်မင်ဟွီတို့က
အပိုင်ချုပ်ထားတာပေါ့...ပိုက်ဆံပေးရင်
ဘယ်သူမဆို ဘုရားသခင်ဘဲလေ
မဟုတ်ဘူးလား"

နမ်ဂျွန်း လျှောကျနေတဲ့ မျက်မှန်ကို
လက်ခလည်နှင့် အသာပင့်တင်လိုက်ရင်း
ခပ်ထေ့ထေ့ရီမောကာဆိုတယ်...။

"စုံစမ်းလို့ရသလောက်
THE FLAME မှာတင်မဟုတ်ဘူး
သူဂန်မင်ဟွီတို့ဘက်က တာ၀န်ယူထားရတဲ့
အမှု့တွေက တော်တော်လေးကို စက်ဆုပ်စရာ
ကောင်းတယ်တဲ့ အင်းလေ ပိုက်ဆံတစ်ခုထဲ
အတွက်နဲ့ သူ့သွေးသားကိုတောင်
ရောင်းစားရက်သေးတာဘဲ သူမှာမလုပ်နိုင်စရာ
ဘာတွေရှိဦးမှာလဲ"

ယွန်းဂီ ကြား‌နေရ သမျှအဖို့ စိတ်ပျက်မိသည်။
ဂျောင်ကု နှင့် ဂျီမင့်ကိုလည်း ယခုထိ လုံးလုံး
လျှားလျှား လက်မခံပေးနိုင်သေးသော်လည်း ဇွတ်တစ်ရွတ်ဖြစ်တဲ့ ခေါင်းမာလွန်းတဲ့
ညီငယ်ကြောင့် စောင့်ကြည့်နေရဆဲအခြေအနေ။

‌မတွေ့ရတာကြာပြီဖြစ်တဲ့ ဂျွန်းနှင့် စကားမြည်
စတွေသာဆက်လက်ပြောရင်း ခပ်အေးအေး Champagne ခွက်ကို အသာလေး လှုပ်ရမ်းကာ အရသာခံသောက်နေမိသည်။

RIDE OR DIE [ hiatus ]Where stories live. Discover now