Episode : 16

937 105 24
                                    

UNICODE

"အဲ့မှာဘဲထားခဲ့လိုက် ပြီးရင် ပြန်တော့"

ထိုအသံသည် မီးအလင်းရောင်က ကျို့တို့ကျဲတဲ... ဆေးလိပ်ငွေ့တွေထောင်းထောင်းထနေ‌သော
ညှင်းသိုးသိုးအခန်းထဲ၀ယ် ခြေတစ်ဖက်ချိတ်ကာ
ထိုင်နေသောသူထံမှဖြစ်သည်။

သူ့အမူအရာတွေက တွေ့ဖူးနေကျ ဘာမှမဟုတ်သော အခွံလွတ် ငချွတ်ကောင် တစ်ကောင်လိုမဟုတ်။ အေးစက်စက် ခံစားချက်မရှိသော မျက်၀န်း‌တွေ... မာထန်နေသည့်မျက်နှာထိမျက်နှာထား နှင့် တိကျ
ပြတ်သားလှသည့်လေသံအသွားအလာတို့မှာမသိသောလူဆို သူ့အာဏာစက်အောက်၀ယ်
ဖိန့်ဖိန့်တုန်ဆင်းသွားဖွယ်နိုင်ရာရှိသည်။

လက်နှစ်ဖက်ပေါ်က ပွေ့ချီထားသော ဂျီမင့် ခန္ဓာကိုယ်လေးကို အိပ်စင်ကုတင်ပေါ် အသာအယာချပေးလိုက်သည်။ အိပ်ပျော်နေသော မျက်စိရှေ့က သက်ရှိလေးကို သူသေချာ မကြည့်ဝံ့။ ရွေးချယ်စရာမရှိ၍သာ ဒီလမ်းကို ရွေးခဲ့ရတယ် သူလိပ်ပြာမလုံပါ...

အပြစ်တွေသည် သူဒီတစ်သက် မကြေနိုင်တော့။
နောင်တတွေလား အဆုံးမရှိ အကန့်သတ်မရှိပါဘဲ...
ပေးဆပ်မှု့တွေရောရှိလားလို့မေးလာရင်ရော...သေချာပေါက် အချစ်ဆိုတဲ့ စိတ္တဇနာမ်ဘဲပေါ့။

သူများတွေပြောတာ အချစ်က ချိုမြိန်တယ်
အေးချမ်းတယ်တဲ့...ဟင့်အင်း အချစ်ဆိုတာ
ပူလောင်မှု့အပြည့်ဘဲ နာကျင်စရာတွေအများကြီး

သူမုန်းခဲ့ပါတယ် ပတ်ဂျီမင်းကို
ကိုယ်ချစ်ရတဲ့သူဆီက အရမ်းချစ်ခံနေရတဲ့
ပတ်ဂျီမင်းကို မညာတမ်း မုန်းမိပါတယ်။
ကို့ကိုယ်ကို ကိုတော့ သူ့ကိုမုန်းတာထပ်
အဆမတန် ပိုမုန်းပါတယ်။

မျက်နှာဖုံးနောက်ကွယ်က တစ်ဖက်သက်
ခံစားချက်တွေက ကိုယ်အရမ်းတော်လို့ထင်ပါရဲ့ တစ်ချက်လေးတောင် ဖိတ်စင်ထွက်မကျလာခဲ့ဘူး။ ချီးကျုးဖွယ်ရာဟန်ဆောင်နိုင်သူကြီးပါပေါ့~
Hk...နာကျင်စရာတွေကြားထဲက ယခုလို ဂုဏ်ယူ
နိုင်မိသေးတာကိုဘဲ ဂုဏ်ယူလို့မဆုံးဘူး။

"ချွဲဒုံဂျွန်း သွားတော့လို့ပြောနေတယ်လေ
ပတ်ဂျီမင်းမျက်နှာကြည့်ပြီး သေနေပြီလား"

RIDE OR DIE [ hiatus ]Donde viven las historias. Descúbrelo ahora