UNICODE
ခြံ၀န်းထဲက ပန်းခြံငယ်လေးရဲ့
သစ်သားစားပွဲဝိုင်းလေးမှာ ဟျောင်း နဲ့
နူးနားက စကားပြောလို့နေသည်။"ငယ်လေး ဒီကိုခဏလောက်
ဟျောင်းစကားပြောချင်လို့"ဟျောင်းဘေးက နူးနားကတော့ ကိုယ့်ကို
မျက်နှာရိပ်မျက်နှာကဲပြပြီးသာ
ဖုန်းဆက်သုံးနေတော့ တစ်ခုခုမူမမှန်ဘူးဆိုတာ
သဘောပေါက်လိုက်သည်။အမှန်တော့ အင်္ကျီအပိုယူဖို့လာခဲ့တာပါ
အိမ်ပေါ်ကဆင်းဖို့ဖြစ်လာခဲ့ရိုးမှန်းလဲမသိခဲ့။"ဟုတ် ပြောလေဟျောင်း"
"မင်းရည်းစားဆိုတာ ပတ်ဂျီမင်မဟုတ်လား"
ဟျောင်းက အကြည့်တွေ
လေးနက်စွာဖြင့် မေးခွန်းထုတ်လာသည်။"ဟျောင်း စုံစမ်းလာတာလား"
တကယ်မှန်နေတာမို့ စကားလုံးတွေပျောက်
သွားရခြင်း အပေါ် မနည်းခုခံရတယ်...။"အင်းဟုတ်တယ်"
"အဲ့တော့ ဆိုလိုရင်းက??"
"သူက ဂန်ဂျီဟွန်းတို့ဘက်က
လူဆိုတာရောသိလား
သူ့အဖေဘယ်သူဆိုတာလဲရော မင်းသိလား""ဟုတ် သိတယ် ကျွန်တော်အကုန်သိတယ်"
"ဂျောင်ကု..."
မချိတင်ကဲနှင့်ထွက်ကျလာသည့်နာမည်တစ်ခု
နောက်တွင် အဖြေတွေကြားမှာ အံ့ဩမှင်သက်နေသည့် ပုံက ဆက်ပြောဖို့စကားလုံးတွေရှာမရခဲ့။
ယွန်းဂီလုံး၀မထင်မှတ်ထားခဲ့ပါ။"ဂန်မင်ဟွီဆိုတဲ့လူရဲ့
သရုပ်မှန်ကိုရော မင်းသိလား""ဟင့်အင်း မသိချင်ဘူး
သိဖို့လဲမလိုအပ်ဖူးထင်တာဘဲ"ဂျောင်ကုရဲ့မျက်၀န်းတွေကလည်း
ယွန်းဂီရဲ့ အကြည့်တွေနှင့်အပြိုင်
လေးနက်တည်ကြည်လွန်းနေသည်။အခြေအတင်ဖြစ်လာတဲ့ ညီအကိုနှစ်ယောက်ရဲ့
စကားဝိုင်းကိုတော့ မင်ဂျူ မပါ၀င်မိသလို
တားခြင်းဟန့်ခြင်းလဲ ရှိမနေခဲ့။"အငယ်လေး ငါမင်းကိုထိခိုက်မှာမလိုလားလို့
ဒီလိုတွေပြောနေတာရော နားလည်လား"
ESTÁS LEYENDO
RIDE OR DIE [ hiatus ]
FanficUNICODE: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။ ZAWGYI: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။