Episode : 19.1

595 73 9
                                    

UNICODE

"ထိန်းသိမ်းခံ ထောင်သား အမှတ် 2282!
ဧည့်တွေ့လာတယ်"

ကျယ်လောင်ပြတ်သားလှတဲ့ အသံအဆုံးမှာ
လှဲလျှောင်းနေရာမှသူကုန်းထမိလိုက်သည်။
ဆံပင်ခပ်တွန့်တွန့်တွေကိုလည်း သူတစ်ချက်သပ်တင်လိုက်တယ်။ အနည်းငယ်ပိန်သွားတာကြောင့်
မေးရိုးတွေက အရင်ထပ်ကို ပိုပြီးထင်းနေ
သယောင်။ ကြေမွပြီးပုံစံမကျတဲ့‌ အင်္ကျီအ၀တ်အစားတွေကို သေချာစွာ ခါခပ်ပြင်ဆင်လိုက်ပြီး တာ၀န်ရှိသူခေါ်ဆောင်ရာနောက်ကိုသာလိုက်လာခဲ့တော့သည်။

.

ဒီတစ်ခါလည်း ထွက်အတွေ့မခံလောက်ဖူးလို့
ထင်နေလောက်တဲ့ ချစ်ရသူဟာ ‌လက်နှစ်ဖက်ကိုယှက်တင်ကာ ကုတ်ခြစ်ရင်းလှုပ်ရှားနေတဲ့ လက်မနှစ်ခုအပေါ် အာရုံစူးစိုက်ကာ အဖြေကိုစောင့်နေ
သည့်ဟန်။

သူတစ်လှမ်းခြင်းဆီ လှမ်းကာ ခုံမှာနေရာ၀င်ယူလိုက်ကာမှ မော့ကြည့်လာတဲ့ အနှီကောင်လေးမှာ
မှင်သက်သွားပုံထောက်သည်။

မှန်ကြည်တစ်ချက်ခြားနေတဲ့ ကြားခံနယ်
တစ်ခုဟာ ထုထည်သိပ်သိပ်သည်းသည်း နှင့်
ကိုတစ်ဖက်တစ်ချက်က သူနှစ်ဦးကို
သိပ်ဝေးကွာနေစေလွန်းတာကို အသိ၀င်စေတယ်။

သူဟာ ဒီကာလအတွင်း ဘယ်သောအခါကမှ
မပြိုလဲခဲ့ဖူးပါ မပူပင်ခဲ့ဖူးပါ။ ဒါပေမဲ့ ချစ်ရသူကို
မြင်ရတိုင်း စိတ်အစုံဟာ နူးညံ့လွယ်လွန်းနေခဲ့တယ်။ အတတ်နိုင်ဆုံး ရယ်ပြုံးပြနေပေမဲ့လည်း
ရှေ့က ကောင်လေးခမျာတော့ ရုတ်ချည်းပင်
၀မ်းနည်းခြင်းမိုးသားတိမ်မဲတွေ
ယှက်ပြေးနေလေရဲ့။

ရိုရိုရွဲရွဲ ဆံပင်မက်မွန်ရောင်လေးတွေကစလို့ ဖြူရော့ရော့ မျက်နှာပြင်လေးကို အသေးစိတ်လိုက်ကြည့်နေမိသည်။ နှာခေါင်းနဲ့ မျက်ခုံးပေါ်မှာဖောက်ထားတဲ့ piercing တွေဟာပနံ့သင့်စွာရှိနေခဲ့သော်လည်း နားကပ်မပါတဲ့ နားပေါက်
တွေဟာ သူ့အတွက် စိမ်းသက်သက်ဖြစ်
စေခဲ့တယ်။

အမှောင်ထုထဲက ငိုသံလေးများ
တစ်စွန်းတစကြားမိခဲ့သည်ရှိသော်
ကျွန်တော်ဟုသာမှတ်ယူလိုက်ပါ...။

သည်းငယ်ရဲ့ ဝေလဲ့နေတဲ့ မျက်၀န်းရွှန်းရွှန်းလေးတွေကလည်းပြိုကွဲလွယ်နေတယ်။ ပြောရမဲ့ စကားလုံး‌တွေဟာဝေးလွင့်ပျောက်ရှတယ်။

RIDE OR DIE [ hiatus ]Where stories live. Discover now